လူတိုင်းမှာ ခံစားချက်တွေ အပြောင်းအလဲတွေ ကြုံဖူးကြမှာပါ။ ဒါပေမယ့် သင့်ခံစားချက်တွေက “နည်းနည်းလေး” သို့မဟုတ် နှေးကွေးနေတယ်လို့ ခံစားနေရတယ်ဆိုရင် သင့်စိတ်ခံစားချက်ကို မြှင့်တင်နိုင်ဖို့ ဒီအချက်တွေကို လုပ်ကြည့်ပါ။

စကားပြောပါ

တစ်ယောက်တည်းမနေဘဲ သူငယ်ချင်း သို့မဟုတ် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်နဲ့ စကားပြောပါ။

ပြုံးပါ

ပြုံးလိုက်တဲ့အခါ မျက်နှာကြွက်သားတွေ အပြောင်းအလဲတွေက သင့်ပျော်ရွှင်မှုကို မြင့်လာစေပါတယ်။ ပြုံးပြီး ပျော်ရွှင်နေရုံနဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကို ရရှိတာမလို့ ပြုံးဖို့မမေ့ပါနဲ့။

ရယ်ပါ

ရယ်တာက နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အကောင်းဘက်ကတွေးပါ။ အဆိုးမြင်တွေးခေါ်မှုကို အကောင်းမြင်စိတ်အဖြစ် ပြောင်းလဲပါ။

လှုပ်ရှားပါ

နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာကလည်း သင့်စိတ်ခံစားချက်ကို ပြောင်းလဲနိုင်တာမလို့ ခဏလောက် လမ်းလျှောက်တာနဲ့တင် အံ့ဩစရာကောင်းအောင် သင်သတိထားမိမှာပါ ။

ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ပါ

ဖုန်းထဲက ကြည်နူးစရာကောင်းတဲ့ အရင်အချိန်က ပုံတွေကို ပြန်ကြည့်မိရင် ပျော်စရာကောင်းခဲ့တဲ့ဒီပုံတွေက သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။

သီချင်းနားထောင်ပါ

အမိုက်စား ဂီတကို နားထောင်တာက ငြိမ်သက်နေတဲ့ သင့်ရဲ့ခံစားချက်ကို ပိုကောင်းစေနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်နဲ့ ကစားပါ

အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်အတွက် ကစားဖော်လည်းဖြစ်သလို ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာကို ပေးစွမ်းနိုင်တာမလို့ စိတ်ညစ်နေတဲ့အချိန် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကစားကြည့်ပါ။

အိပ်ပါ

အိပ်တာက မှတ်ဉာဏ်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုတို့ကို ကောင်းစေပြီး တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တာကြောင့် တစ်ညလျှင် အိပ်ချိန် ခုနစ်နာရီကနေ ရှစ်နာရီ ရှိပါစေ။