လူပျို/အပျိုပေါက်အရွယ်ရောက်ပြီး ဟော်မုန်းအပြောင်းအလဲမှာ ဝက်ခြံပေါက်တတ်ပါတယ်။ Androgens လို့ခေါ်တဲ့ ဟော်မုန်းတွေ တိုးပွားလာလို့ ဖြစ်ပါတယ်။ ဒီဟော်မုန်းတွေ လွန်ကဲခြင်းဟာ အဆီဂလင်းပိုကြီးပြီး Sebum တွေ အထွက်များပြီး ဝက်ခြံဖြစ်လာနိုင်ပါတယ်။ အဆီပိုတွေက မွေးညင်းပေါက်တွေ ပိတ်ပြီး အရေပြားဆဲလ်သေတွေ နဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားလာရာကနေ ဝက်ခြံဖြစ်လာတတ်ပါတယ်။

ဒါကို Teenage Acne လို့လည်း ခေါ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်သုံးတဲ့ Beauty Products အမျိုးအစားမှားလို့လည်း ဖြစ်နိုင်သလို ချွေးထွက်များတာ ၊ စိတ်ဖိစီးမှု မြင့်မားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ Teenage Acne မဖြစ်စေဖို့ နေ့တိုင်းမှာ မျက်နှာသစ်ပြီး အစိုထိန်းခရမ် သုံးပေးသင့်ပါတယ်။

 woman squeezing pimples on her face

Photo: Verywell Health

နေ့တိုင်း မျက်နှာကို တစ်နေ့ နှစ်ကြိမ်သစ်သင့်ပြီး ရေနွေးနွေးနဲ့ပဲ သစ်သင့်ပါတယ်။ ဝက်ခြံဖုလေးတွေကို လက်နဲ့ မညှစ်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဝက်ခြံကို ပိုဆိုးသွားစေနိုင်လို့ ဖြစ်ပါတယ်။ မျက်မှန်သမားဆိုရင်လည်း မျက်မှန်ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ ကိုယ့်အသုံးအဆောင်ပစ္စည်းတွေကို တတ်နိုင်သမျှ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

နေရောင်နဲ့ အကြာကြီး ထိတွေ့မှု မရှိအောင်လည်း ရှောင်ရှားသင့်သလို စိတ်ဖိစီးမှုလည်း မဖြစ်အောင် နေထိုင်သင့်ပါတယ်။ Hair Products တွေ သုံးမယ်ဆိုရင်လည်း အဆီကို အခြေခံတဲ့ အလှကုန်တွေ မသုံးဖြစ်အောင် ရှောင်ဖို့ လိုပါတယ်။ အသားအရေကို ကျန်းမာသန့်ရှင်းဖို့ တစ်ပတ်တစ်ခါ မျက်နှာချေးချွတ်တာမျိုး လုပ်သင့်သလို နေပူထဲ ထွက်မယ်ဆိုရင်လည်း Sunscreen သုံးသင့်ပါတယ်။

Teenage girl washing her face with water

Source : NBC News

စားတာသောက်တာကိုလည်း အမျှင်ဓါတ်များတဲ့ အသီးအနှံတွေ စားပေးဖို့ လိုပါတယ်။ ရေသောက်များခြင်းကလည်း အရေပြားကို ရေဓါတ်ပြည့်စေတာကြောင့် အ‌ရေပြားဆဲလ်သေတွေ မပေါက်ပွားအောင် ကာကွယ်နိုင်မှာပါ။ ဒီနည်းလမ်းတွေ လိုက်နာမယ်ဆိုရင် ဝက်ခြံအဖြစ်နည်းလာပါလိမ့်မယ်။