အားလုံးပဲမင်္ဂလာပါ။ မှန်ထဲမှာကြည့်လိုက်တိုင်း ချွေးပေါက်ကျယ်ပြီး အဆီဖုတွေနဲ့ အသားအရေကိုပဲ မြင်နေရလို့ စိတ်ညစ်နေကြပြီလား။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် စိုပြေတောက်ပတဲ့ Glow skin ကိုပိုင်ဆိုင်နိုင်မယ့် လွယ်ကူမြန်ဆန်တဲ့နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ရေ


ရေခဏခဏသောက်ပါ။ ဒါက ပျိုမေတို့အတွက် ကြားရပါများလို့ ရိုးအီနေပေမယ့် ရေသောက်ဖို့အရေးကြီးပါတယ်။ ရေသောက်တာက နှုတ်ခမ်းခြောက်သွေ့ ကွာကျတာကနေလည်း ကာကွယ်ပေးပါတယ်။ ရေများများသောက်တာက အသားအရေကို စိုပြေစေပါတယ်။

၂။ မျက်နှာကိုသေချာသန့်စင်ပါ


မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်ဖျတ်တစ်ရှူးနဲ့ သေချာဖျတ်ပေးရပါမယ်။ မျက်နှာကို ချေးချွတ်ပေးရပါမယ်။ ပုံမှန်မျက်နှာသစ်ပေးရပါမယ်။

၃။ မျက်နှာကို လက်နဲ့မကိုင်ပါနဲ့


သင့်မျက်နှာကို ဘတ်တီးရီးယားမရှိဘဲနဲ့ သန့်သန့်စင်စင် နေချင်တယ်ဆိုရင် လက်နဲ့ မျက်နှာကိုု ထိမိတာ ရှောင်ရပါမယ်။ စဉ်းစားလို့ဖြစ်ဖြစ် ၊ စားပွဲပေါ် မျက်နှာလက်ထောက်တာဖြစ်ဖြစ် မျက်နှာပေါ် လက်တင်မိတာကို သတိထားပေးရပါမယ်။

၄။ ဓာတ်မတည့်မှု


သင့်မျက်နှာက အလှပြင်ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိလို့ ယားယံတာ၊ နီမြန်းတာ၊ အဖုအပိန့်တွေ ထွက်တတ်ရင် Allergy Test စမ်းသပ်မှု ပြုလုပ်ထားသင့်ပါတယ်။

၅။ ဗီတာမင်ဓာတ်


သင့်ခန္ဓာကိုယ်က အသီးအနှံတွေကနေ ထုတ်ယူရရှိတဲ့ ဗီတာမင်ဓာတ်ကို လိုအပ်ပါတယ်။ အသီးအရွက်များများစားဖို့ ကိုယ့်ကိုကိုယ် အမြဲသတိပေး သင့်ပါတယ်။

Source: Allwomenstalk.com

By MyStyle Myanmar