လောကမှာ အောင်မြင်မှုတွေရဖို့ စိတ်ကြည်လင်နေဖို့ကလည်း မပါမဖြစ် အရေးကြီးတဲ့အရာတစ်ခုပဲ့ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကင်းမှလည်း သင်လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာတွေကို သေချာလုပ်ကိုင်နိုင်မှာဖြစ်သလို သင့်ကို အသက်ရှည်ကျန်းမာစေမှာပဲ့ဖြစ်ပါတယ်။

စိတ်ညစ်စရာတွေများလာတာတို့ အလုပ်ဖိစီးမှုတွေများလာရင် လူတွေက အရက်သောက်လိုက်၊ ဘီယာသောက်လိုက်နဲ့ စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ ဒီလိုလုပ်တာထက် သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမယ့် ဒီအရာလေးတွေကိုသာ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလိုက်နာလုပ်ဆောင်ပေးမယ်ဆိုရင်တော့ နေ့ရက်တိုင်းကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ အမှန်ပါပဲ့။

တရားထိုင်ပေးပါ

တရားထိုင်တာဟာ စိတ်ကိုတည်ငြိမ်စေပြီး အသက်ရှုမှန်စေသလို သင့်ကို လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်းတွေ အပြည့်ဖြစ်စေပါတယ်။ ခါးကို မတ်မတ်ထားပြီး တရားထိုင်ရင် သင့်ကို ခွန်အားတွေရှိစေပြီး စိတ်ကြည်လင်စေပါတယ်။

အကကခြင်း

သီချင်းရဲ့ တီးလုံးသံစဉ်အတိုင်း လိုက်ပါစီးမျောပြီး ကပေးတာဟာ သင့်ကို စိတ်တည်ငြိမ်စေပါတယ်။ သင့်ရဲ့စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးသလို ဖြစ်လို့ သင့်ကို အရပ်ရှည်စေပါတယ်။

ယောဂလေ့ကျင့်ခန်း

ယောဂလေ့ကျင့်ခန်းဟာ သင့်ရဲ့စိတ်နေစိတ်ထားနဲ့ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။ သင့်ကိုလည်း စိတ်ဖိစီးမှုကင်းစေပါတယ်။

အသက်ရှုခြင်း

စိတ်ကို ရှင်းရှင်းထားပြီး အသက်ပြင်းပြင်းလေး ရှုပေးတာဟာ အာရုံကြောကို အပန်းပြေစေပါတယ်။ ဝင်သက်ထွက်သက်တွေကိုလိုက်ပြီး ရေတွက်ထားပေးပါ။ အသက်ရှုသွင်းလိုက်တဲ့အခါ ပြုံးလိုက်ပြီး အသက်ရှုထုတ်လိုက်တဲ့အခါ ပြုံးတာကို ရပ်လိုက်လုပ်ပေးပါ။ ဒါဆို သင့်စိတ်ဖိစီးမှုတွေ သက်သာသွားစေမှာပါ။

လေ့ကျင့်ခန်းလုပ်မယ်

လေ့ကျင့်ခန်းလုပ်တာဟာ ဦးနှောက်ကို သက်သောင့်သက်သာဖြစ်စေပြီး စိတ်ကို ကြည်လင်စေပါတယ်။ သင့်ကို ကျန်းမာပျော်ရွှင်စေမယ့်အပြင် အောင်မြင်မှုကိုလည်း ဆွတ်ခူးနိုင်မှာဖြစ်တဲ့အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း ‌မမေ့နဲ့နော်။

ရယ်မောပါ

ပျော်စရာကြုံရင် ပျော်လိုက်ပါ။ အားရပါးရ ရယ်လိုက်စမ်းပါ။ တစ်နေ့ကို ၁ နာရီလောက် အနည်းဆုံး ရယ်ပေးလိုက်ပါ။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးတစ်လက်ပါပဲ။

အနှိပ်ခံပါ

အနှိပ်ခံတာဟာ စိတ်ပင်ပန်းနွမ်းနယ်မှုကို သက်သာဖြေလျှော့သွားအောင် လုပ်ပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို မျှမျှတတစားပေးပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ စားတာဟာ ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး သင့်ကို ကျန်းမာစေပါတယ်။