မိန်းကလေးတစ်ယောက်အတွက် လက်သည်းလေးတွေလှပနေဖို့ကလည်း လိုအပ်တဲ့အရာတစ်ခုပါပဲ့နော်။ လှပတဲ့လက်ချောင်းလေးတွေကို ပိုပြီးလှအောင် အရောင်လေးတွေခြယ်သတတ်တာကလည်း မိန်းကလေးတိုင်းရဲ့ ဝါသနာတစ်ခုပါ။  ကြည်လင်ပြီးသန့်စင်နေတဲ့ ခြေသည်းလက်သည်းလေးတွေက ပိုလှတယ်ဆိုပေမယ့်လည်း အရောင်လေးတွေနဲ့က ပိုကြည့်လို့ကောင်းတာပေါ့။ အဲ့ဒီလိုခြယ်သပေးတဲ့အခါ  လက်သည်းအရောင်ပိုလှပသွားစေပြီး ကြာရှည်ခံစေဖို့ လုပ်ပေးသင့်တဲ့အရာတချို့ကို ပြောပြပေးချင်ပါတယ်။

ကဲ… ပျိုမေတို့ရေ ဒီနည်းလမ်းတွေကတော့ လက်သည်းနီကိုကြာရှည်ခံစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်တာကြောင့် လှပတဲ့လက်သည်းလေးတွေကို တန်ဖိုးထားတဲ့ ပျိုမေတိုင်းလိုက်လုပ်ကြည့်ဖို့တော့ မမေ့နဲ့နော်။

Topcoat လေးထပ်ထပ်ပြီးဆိုးပေးပါ

လက်သည်းနီအရောင်ဆိုးပြီးသွားတဲ့အခါမှာ အပေါ်ကနေ အကြည်ရောင် Topcoat ကိုဆိုးပေးပါ။ အများကြီးနဲ့အထူကြီးဆိုးလိုက်ရင်လည်း လက်သည်းနီကတော်တော်နဲ့မခြောက်တော့တဲ့ ထိမိတာတွေဆိုရင်ကြည့်လို့မကောင်းတော့ဘူးပေါ့။ ဒါကြောင့် ၂ ရက်လောက်ဆက်တိုက် Topcoat လေးထပ်ပြီးဆိုးပေးထားလိုက်ရင် ကြာရှည်ခံစေမှာပါ။

အစိုဓာတ်ရရှိနေအောင်ထားပါ

လက်တွေခြေထောက်တွေက အသားအရေတွေခြောက်သွေ့နေပြီဆိုရင် ခြေသည်းတွေကလည်းခြောက်သွေ့ပြီး ဆိုးထားတဲ့လက်သည်းနီတွေကိုလည်း ကြာရှည်မခံစေတော့ပါဘူး။ ဒ့ါကြောင့် သင့်လက်တွေခြေထောက်တွေကို  Lotion လေးလိမ်းပေးဖို့ မမေ့ပါနဲ့။

Gel လက်သည်းနီကို စမ်းဆိုးကြည့်ပါ

အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Gel လက်သည်းနီတွေဟာဆိုရင်လည်း အရောင်လေးတွေကအရမ်းလှပြီး ဆိုးလိုက်ရင်လည်း ပြောင်ပြောင်လေးနဲ့ဆိုတော့ တော်တော်လေးကို သဘောကျစရာကောင်းပါတယ်။ သူက တစ်လလောက်ကြာရှည်ခံတယ်နော်။

အရည်အသွေးကောင်းတဲ့ ပစ္စည်းကိုရွေးချယ်ပါ

တော်တော်များများက လက်သည်းနီဆိုရင် ဈေးပေါတာတွေကို ဝယ်တတ်ကြပါတယ်။ ဒါက မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ဘူးနော်။ မကောင်းတဲ့လက်သည်းနီတွေကို အချိန်ကြာကြာဆိုးလာမယ်ဆိုရင် လက်သည်းပျက်စီးတာတွေကို ဖြစ်စေပြီး အရည်အသွေးမကောင်းတာကြောင့် မြန်မြန်လည်းပျက်စေတတ်ပါတယ်။