အားလုံးပဲမင်္ဂလာပါရှင့်………သားသားမီးမီးလေးတွေပိုင်ဆိုင်ထားတဲ့ Working မေမေတို့ရေ….မနက်တိုင်း သားသားမီးမီးလေးတွေ စားဖို့၊ ကျောင်းသွားဖို့၊ အဝတ်လဲဖို့တွေအတွက်နဲ့ အလုပ်ရှုပ်နေတော့ အလုပ်သွားဖို့အတွက် အလှပြင်ချိန်ကောလောက်ရဲ့လား? အချိန်မလောက်ဖြစ်နေတဲ့  Working မေမေ တို့အတွက် အချိန်ကုန်သက်သာပြီး စတိုင်ကျကျနဲ့ လှနေဖို့ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်နော်။

Eyeliner

တစ်နေ့တာလုံး ကြာရှည်ခံတဲ့ Eyeliner က ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းဖြစ်စေတဲ့အပြင် အိပ်ရေးပျက်တဲ့ အရိပ်အယောင်တွေကိုလည်း ဖုံးကွယ်ပေးနိုင်ပါတယ်။

Eyelash Extensions

မျက်တောင်ဆက်ထားတဲ့အခါ မနက်မိုးလင်းလို့ မိတ်ကပ်လိမ်းဖို့ အချိန်မရှိရင်တောင် ဆက်ထားတဲ့ မျက်တောင်တွေက ကြည့်ကောင်းပြီး လှပစေပါတယ်။

ဆံပင်အတို

ဆံပင်အတိုက အရှည်ထက်စာရင် ပြင်ဆင်ဖို့အချိန်ပေးရသက်သာတဲ့အပြင် ဆံပင်လျှော်ဖို့ အခြောက်ခံဖို့ အချိန်ပိုရပါတယ်။

ဆံထုံး

မနက်လင်းလို့ ဆံပင်လုပ်ဖို့အချိန်မပေးနိုင်သေးရင် ဆံပင်အကုန်လုံး အပေါ်မှာစုပြီး ထုံးထားလိုက်ပါ။ အကုန်ပြီးသွားတဲ့အချိန် ဆံထုံးကိုဖြည်ပြီး ခါချလိုက်ပါ။ အချိန်မကုန်ဘဲ Beach Waves လေးနဲ့ လှနေမှာပါ။

ကျစ်ဆံမြီး

အိပ်ရာမဝင်ခင်ညတိုင်း ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးအိပ်လိုက်ပါ။ အိပ်ရာကနိုးလာတဲ့အခါ လှိုင်းတွန့်တွေနဲ့လှနေတဲ့ဆံပင်လေးက မနက်ပိုင်းဆံပင်ပြင်ဖို့ အချိန်ကုန်သက်သာပါတယ်။