အချိန်ပြည့်အလုပ်လုပ်နေရတဲ့မိန်းကလေးတွေက အိမ်နဲ့အလုပ်နှစ်ခုစလုံးကို စီမံခန့်ခွဲနေရတာမလို့ သူတို့အတွက် အချိန်က အရေးကြီးပါတယ်။ ဒါကြောင့် ၉ နာရီကနေ ၅ နာရီ အလုပ်လုပ်တဲ့ အမျိုးသမီးတွေအတွက် အမြဲလှနေစေဖို့ ဂရုစိုက်ရမယ့်အချက်တချို့ကို ဝေမျှပေးချင်ပါတယ်။

စောစောထပါ

ရုံးသွားတဲ့လမ်းမှာ လှနေချင်ရင်တော့ စောစောထရပါမယ်။ ဒါမှ ကောင်းကောင်းပြင်ဆင်ဖို့ အချိန်ပိုရမှာပါ။

မနက်ပိုင်းမှာရေချိုးပါ

မနက်ခင်းမှာ ရေချိုးတာကို မကျော်ပါနဲ့။ ရေချိုးပြီး မျက်နှာကို သေချာသန့်စင်ပေးပါ။ ရေချိုးတာက ခန္ဓာကိုယ်ကို အေးမြစေပြီး သင့်ကို လန်းဆန်းစေပါတယ်။

Sunscreen လိမ်းပါ

Sunscreen ကို ရုံးမသွားခင် လိမ်းပြီး ၂ နာရီခြားတိုင်း ပြန်လိမ်းပေးပါ။ ဘာလို့လဲဆိုတော့ လက်ပ်တော့နဲ့ ကွန်ပျူတာကထွက်တဲ့ ရောင်ခြည်တွေက အရေပြားကို ထိခိုက်စေနိုင်လို့ပါ။

Moisturizer လိမ်းပါ

အရေပြားကို မပျက်စီးစေဖို့ အဆီပြန်ခြင်းမရှိဘဲ ရေဓာတ်နဲ့ အစိုဓာတ် နှစ်မျိုးလုံးကို ပေးစွမ်းနိုင်မယ့် lightweight ဖြစ်တဲ့ Moisturizer ကိုသုံးပါ။

သက်တောင့်သက်သာဝတ်ပါ

ရုံးဝတ်နဲ့ လိုက်ဖက်ပြီး သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်တွေကို ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ စိတ်ကျဥ်းကျပ်ပြီး စိတ်မသက်မသာဖြစ်စေတဲ့အဝတ်အစားတွေက ချွေးထွက်များစေပြီး နေရထို်င်ရတာ မလွတ်လပ်ပါဘူး။

Light Makeup လိမ်းပါ

Full Makeup တွေလိမ်းမယ့်အစား အသားအရေအတွက် သက်တောင့်သက်သာဖြစ်စေမယ့် Light Makeup ကိုဘဲ လိမ်းပါ။

Lip Balm ဆောင်ပါ

AC အခန်းထဲမှာ နာရီပေါင်းများစွာနေတဲ့အခါ နှုတ်ခမ်းကွဲပြီး ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် ပိုက်ဆံအိတ်ထဲမှာ Lip Balm ဆောင်ထားဖို့က အရမ်းအရေးကြီးပါတယ်။

ရေသောက်ပါ

အသားအရေ မွဲခြောက်ပြီး ပင်ပန်းနွမ်းနယ်နေတာမျိုး မဖြစ်ရအောင် ရေသောက်ပြီး ရေဓာတ်ထိန်းပေးဖို့ အရေးကြီးပါတယ်။ ရုံးသွားတဲ့အခါ အနည်းဆုံး ရေ 2 လီတာသောက်ပါ။ ကော်ဖီတစ်ခွက်နဲ့ နို့လက်ဖက်ရည် သောက်မယ့် အစား Green Tea နဲ့ Detox ဖျော်ရည်တွေကို ရွေးသောက်ပါ။