အဆီတုံးကြီးနဲ့ ဗိုက်ပူပူဘဝကိုတော့ ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ကျစ်ကျစ်လျစ်လျစ် ပေါ့ပါးသွက်လက်တဲ့ ကိုယ်လုံးကိုယ်ထည်ဟာ ကျန်းမာရေးအမြင်အရလည်း ကောင်းတယ်။ ရုပ်အဆင်းလည်း ကြည့်ကောင်းစေပါတယ်။ ဒီအတွက် ကိုယ်အဆီတွေလည်း လျှော့ချပေးပြီး Fit ဖြစ်တဲ့ ဘော်ဒီတစ်ခု ရအောင် အလွယ်ဆုံးနည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။

(၁) Green Tea ပုံမှန်သောက်ပေးပါ

Photo : Shutterstock

Green Tea ဟာ ကင်ဆာရောဂါတိုက်ဖျက်နိုင်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ နောက်တစ်ခုက ကိုယ်ခန္ဓာ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြှင့်ပေးနိုင်ပါတယ်။ Green Tea မှာ Catechins ပါလို့ ဇီဝကမ္မဖြစ်စဉ် အမြန်နှုန်းမြှင့်ပေးပြီး တစ်နေ့ကို ကယ်လိုရီ ၆၀ လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။

(၂) အားကစားသစ်လေး လုပ်ပါ

Photo : Shutterstock

အရင်က မလုပ်ဖူးတဲ့ အားကစားမျိုး လုပ်ကြည့်ပါ။ ဥပမာ- တစ်နေ့ နာရီဝက် ရွရွလေးပြေးတာ ၊ စက်ဘီးစီးတာမျိုးပေါ့။ အားကစားအသစ် လုပ်တော့ စိတ်ဝင်စားဖို့လည်း ကောင်းသလို အားကစားလုပ်ရတာလည်း ပိုပြီးတော့ ထိရောက်မှု ရှိမှာပါ။ ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်အတွင်းက အဆီလောင်ကျွမ်းမှု အားပေးပြီး ကိုယ်တွင်းတစ်သျှူးအားလုံးဆီ အောက်ဆီဂျင်ပို့ဆောင်မှုလည်း မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ရေများများသောက်ပါ

Photo : Shutterstock

အယ်လ်ကိုဟော ရှောင်ပြီး ရေများများသောက်ပါ။ ရေသောက်ခြင်းဟာ ပေါ့ပါးလန်းဆန်းစေသလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း ၃၀% ပိုမြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ရေစစ်ဖို့အတွက် ရေဓါတ်ပြည့်ခြင်းက အများကြီး ကူညီပေးပါလိမ့်မယ်။

(၄) အသက်ပြင်းပြင်း ရှုတဲ့ အလေ့အကျင့်လုပ်ပါ

Photo : Shutterstock

စိတ်ရှုပ်လာရင် အသက်ရှုမှုပေါ် အာရုံစိုက်ဖို့ အကြံပေးကြပါတယ်။ စိတ်ရှုပ်ထွေး တင်းကြပ်လာချိန်မှာ ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာပြီး အစာစားချင်စိတ်ကို နှိုးဆွလာပြီး ဗိုက်မှာ အဆီစုဝေးလာစေနိုင်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးမှုကြောင့် ဗိုက်အဆီစုပြီး ဗိုက်ပူလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယောဂလေ့ကျင့်ခန်းလုပ်ပါ။ စိတ်အေးချမ်းစေမယ့် သီချင်းနားထောင်ပါ။ တရားထိုင်ပါ။

(၅) မနက်စာ မစားဘဲ မနေပါနဲ့

Photo : Shutterstock

ဝိတ်ကျစေဖို့ မနက်စာ ရှောင်တာမျိုး မလုပ်ပါနဲ့။ မနက်စာပုံမှန်စားပေးခြင်းဟာ ဝိတ်ကျအောင် ကူညီပေးပါတယ်။ အောင်အောင်မြင်မြင် ဝိတ်ချနိုင်သူတွေရဲ့ ၇၀% ခန့်ဟာ မနက်စာ အလွတ်မခံကြပါဘူး။ တစ်ခု ရှိတာက မနက်စာကို အမျှင်ဓါတ်မြင့်တဲ့ ကွေကာနဲ့ Oat Meal များ ၊ အသီးအနှံ နဲ့ နို့များ စားပေးသင့်ပါတယ်။

(၆) စောစောအိပ် စောစောထပါ

Photo : Shutterstock

အိပ်ရေးဝအောင် အိပ်ပါ။ အိပ်စက်တဲ့ အချိန်ကိုလည်း ပုံမှန်ဖြစ်အောင် အကျင့်လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။ ညအိပ်ရာဝင်ချိန်ကို အနှောင့်အယှက်ဖြစ်စေမယ့် အစားအသောက်တွေ စားတာမျိုး ၊ အိပ်ရာ ဝင်ခါနီး ဖုန်းသုံးတာမျိုး ရှောင်ပါ။ စောစောထပါ။ စိတ်ချမ်းသာအောင် နေပါ။ အိပ်ရေးပျက်တာက သင့်ကို ဝိတ်တက်စေနိုင်တယ်ဆိုတာ သတိရလိုက်ပါ။