လှပတဲ့ မျက်ခုံးမွှေးထူထူလေးကို လူတိုင်းလိုချင်ကြပါတယ်။ မျက်လုံးမွှေးရဲ့ အလှဟာလည်း ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထားရတဲ့ အလှတစ်ခုဖြစ်တာကြောင့် မျက်လုံးမွှေးထူထူရဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးပါမယ်။

၁။ ကြက်ဆူဆီ၊ အုန်းဆီ၊ ထောပတ်ဆီကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီရောလိုက်ပါ။ ပြီးရင်သေချာမွှေလိုက်ပြီး မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးပေါ်လိမ်းပေးနိုင်ပါတယ်။ လက်ချောင်းနဲ့ လိမ်းပေးနိုင်သလို Mascara လိမ်းတဲ့ Brush နဲ့လည်းလိမ်းပေးနိုင်ပါတယ်။ မျက်လုံးထဲမဝင်အောင် သတိထားပါနော်။

၂။ ကြက်ဆူဆီ၊ ရှားစောင်းလက်ပပ်နဲ့ ဗီတာမင် E ကို သုံးပါမယ်။ ရှားစောင်းလက်ပပ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဗီတာမင် E အတောင့် ၂ တောင့်သုံးပါမယ်။ အဲဒါတွေအားလုံးကိုရောပြီး ညအိပ်ယာမဝင်ခင်မှာလိမ်းပေးရမှာပါ။

၃။ ကြက်သွန်နီကလည်း မျက်ခုံးမွှေးတွေကိုထူစေပါတယ်နော်။ ကြက်သွန်နီကို အရည်ညှစ်ပြီး မျက်ခုံးမွှေးပေါ်လိမ်းပေးပါ။ ၅ မိနစ်လော်ကထားပြီးရင် ရေဆေးချလိုက်ပါ။

၄။ အခုနော်ကဆုံးပြောပြချင်တာကတော့ Vaseline ကိုအသုံးပြုပြီးလုပ်လို့ရပါတဲ့အကြောင်းပါ။ မိတ်ကပ်ကို သေချာဖျက်ပြီးရင် Vaseline လိမ်းပေးထားလိုက်ပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိအဆင်ပြေတဲ့ နည်းလမ်းတစ်ခုကို နေ့စဉ်ပုံမှန်လုပ်သွားပေးပါ။

အသုံးဝင်မယ့်နည်းလမ်း

မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးကို အမြန်ဆုံး ထူစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း

မျက်လုံးမွှေးကို ဘီးသေးလေးနဲ့ အပေါ်အောက် ဖြီးပေးပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းချင်း နှိပ်ပေးပါ။ သွေးလည်ပတ်မှုကိုကောင်မွန်စေပြီး ကိုယ်လိမ်းလိုက်တဲ့ ဆီတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။ ခေါင်းကိုက်လည်းသက်သာစေပါတယ်ရှင်။

အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပေးရပါမယ်။ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါစားပေးသင့်ပါတယ်။