ကိုယ့်ချစ်ရတဲ့သူတစ်ယောက်ယောက် ဝမ်းနည်းအားငယ်တဲ့အချိန်မှာ သူတို့အနားမှာရှိတဲ့ကိုယ်က သူတို့ပျော်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ တော်တော်များများက ဘယ်လိုလုပ်ပေးရမလဲမသိဖြစ်နေတတ်ကြပါတယ်။

ဒါကြောင့် ဝမ်းနည်းနေတဲ့ကိုယ့်ချစ်ရတဲ့သူတွေကို စိတ်ညစ်စရာတွေထဲက အမြန်ဆုံးရုန်းထွက်နိုင်ဖို့နဲ့ သူတို့လေးတွေ စိတ်ပျော်ရွှင်လာအောင် လုပ်ပေးနိုင်မယ့်အရာတွေ ရှိပါတယ်။ ကဲ..ဘယ်လိုမျိုးအရာလေးတွေကို ကိုယ့်ဘက်ကနေ လုပ်ပေးနိုင်သလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…

သူမကိုတစ်ယောက်ထဲမနေခိုင်းပါနဲ့။ သူမနဲ့စကားသွားပြောပေးဖို့ လိုပါတယ်။

သူမဖြစ်နေတဲ့ခံစားချက်တွေ၊ သူမရဲ့ဝမ်းနည်းမှုတွေကို နားထောင်ပေးပါ။ သူမကို နားလည်းပေးနိုင်ဖို့ ကြိုးစားပါ။

သူမကိုဖက်ထားပြီး နှစ်သိမ့်ပေးပါ။ ဒီလိုလုပ်ပေးတာက သူမအတွက် အားတစ်ခုဖြစ်စေပါတယ်။

အပြင်သွားဖို့ခေါ်ပြီး မုန့်သွားစားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုးတွေလုပ်ပေးပါ။ စိတ်အာရုံပြောင်းပေးလိုက်တဲ့သဘောပေါ့။

သူမရယ်မောပျော်ရွှင်လာအောင် ဟာသလေးတွေပြောပြပေးပါ။ ဟာသဗီဒီယိုလေးတွေပြပေးပါ။

လူတိုင်းက မထင်မှတ်ထားပဲလက်ဆောင်ရရင် ပျော်ကြတာချည်းပါပဲ။ ဒါကြောင့် လက်ဆောင်သေးသေးလေးတွေ ပေးလိုက်ပါ။

သူမကြိုက်တဲ့ဟင်းတွေ၊ မုန့်တွေကို သေချာချက်ပြုတ်ပြင်ဆင်ပြီး စားချင်စဖွယ်ဖြစ်အောင် လုပ်ကျွေးလိုက်ပါ။ ဝမ်းနည်းရင် ဗိုက်ပိုဆာတတ်တယ်လေနော်။

သူမကြိုက်တဲ့အရာတွေကို များများသာလုပ်ပေးလိုက်ပါ။ ပျော်ရွှင်လာပါလိမ့်မယ်။

အရမ်းစိတ်ညစ်ပြီး စိတ်အားငယ်နေတာမျိုးဆိုရင်တော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သူမနဲ့အတူ ခရီးထွက်လိုက်ပါ။

သင်က သူမကိုဘယ်လောက်ချစ်ကြောင်း၊ သူမဘာပဲဖြစ်ဖြစ် သူမဘက်မှာရှိနေကြောင်း၊ သူမကိုချစ်ခင်ကြောင်း ပြောပြပါ။ သူမဘေးမှာ ဘယ်သူ့မှမရှိတော့ရင်တောင် သင်ရှိနေမယ်ဆိုတာ သိအောင်ပြောပြပေးပါ။

သူမကို အရမ်းတော်တယ်၊ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ပြောပြီး နှစ်သိမ့်ပေးပါ။ အားတက်လာအောင် ပြောဆိုပြီး Motivation ပေးပါ။ အရာရာကို အကောင်းဘက်ကနေပဲ ပြောပေးပါ။