အပျင်းကြီးတဲ့ ကောင်မလေးတွေအတွက် လွယ်ကူမြန်ဆန်ပြီး ချစ်ဖို့လည်းကောင်း၊ ဆွဲဆောင်မှုလည်းရှိတဲ့ မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ Foundation ကို Makeup Brush နဲ့ လိမ်းပေးပါ။

မျက်ကွင်းညိုနေရင်မလှတဲ့အတွက် မျက်ကွင်းညိုတာကိုဖုံးဖို့ Concealer လိမ်းပါမယ်။

Natural Glow Look မျိုးဖြစ်နေအောင် ပါးရိုးနေရာနဲ့ နှာတံနေရာလေးတွေမှာ Liquid Highlighter လေး လိမ်းပါမယ်။

ပြီးမှသာ Setting Powder ကို လိမ်းပါမယ်။ Setting Powder ကို Brush နဲ့ယူပြီးရင် ခါလိုက်ပါ။ ပြီးမှ လိမ်းပေးပါ။

ပန်းရောင်ကိုမှ အရင့်ဘက်သွားတဲ့အရောင်လေးကို ပါးနီခြယ်ပါမယ်။ ပါးနီခြယ်တဲ့အခါမှာ နှာခေါင်းနားအထိ ခြယ်ပေးပါ။

အုတ်ကျိုးရောင်လို Eyeshadow အရောင်လေးကို မျက်ခွံမှာ ခြယ်ပါမယ်။

Eyeliner ကို ပါးပါးလေးကပ်ဆွဲပြီး ဘေးဘက်ကို Wings လေးထွက်အောင် ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်ခုံးမွှေးဆွဲလို့လည်းရသလို ဆွဲရမှာပျင်းတဲ့သူဆိုရင် Eyebrow Gel နဲ့ ဖြီးလိုက်ရုံပါပဲ။

ဒီမှာတော့ နှုတ်ခမ်းနီကို အညိုနဲ့လိမ္မော်ရောင်လေး ရောဆိုးထားပါတယ်။

နောက်ဆုံးမှာတော့ မိတ်ကပ်သားပိုလှပြီး သိပ်သိပ်လေး ဖြစ်သွားအောင် Setting Spray ဖြန်းလိုက်ပါတယ်။

ဒါဆိုရင်တော့ လွယ်ကူမြန်ဆန်ပြီး ချစ်ဖို့လည်းကောင်းသလို လူငယ်ဆန်ဆန်နဲ့ ဆွဲဆောင်မှုလည်းရှိတဲ့ Look လေးကို ရရှိသွားပါပြီ။