အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တောင်ကိုရီးယား အနုပညာရှင်တွေရဲ့ ဖန်တွေ၊ K-Pop ၊ K-Drama တွေရဲ့ ဖန်တွေအတွက်ပဲဖြစ်ဖြစ် မိတ်ကပ်ဝါသနာပါတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ဒီတခါမှာတော့ ကိုရီးယား မိတ်ကပ် Look လိမ်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

၁။ အခြေခံ အသားအရေထိန်းသိမ်းနည်း

မျက်နှာကို သေချာသစ်ပါ။ အသားအရေက ရေဓာတ်ဖြည့်တင်းနေဖို့လိုအပ်ပါတယ်။ Moisturizer လိမ်းပေးလိုက်ပါ။

၂။ Sun Cream လိမ်းမယ်

ပြီးသွားရင်တော့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်နေဖို့အတွက် UV ကာကွယ်ပေးတဲ့ Sun Cream ကို သေချာလိမ်းပေးလိုက်ပါ။ SPF ပါပြီးသား ခရင်မ်လည်း လိမ်းလို့ရပါတယ်။

၃။ ကူရှင် (သို့) မိတ်ကပ်အရည် လိမ်းမယ်

မိတ်ကပ်ကူရှင် (သို့) အရည် ကို သင့်အသားအရေနဲ့ အလိုက်ဖက်ဆုံး အရောင်ကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ မိတ်ကပ်သားဝင်အောင် လိမ်းပေးလိုက်ပါ။

၄။ Concealer လိမ်းမယ်

ပြီးရင်တော့ Concealer ကို လိမ်းပေးလိုက်ပါ။ မျက်ကွင်းညိုတာ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ အမည်းစက်တွေကို မသိသာအောင် သေချာ Concealer လိမ်းပေးပါ။

၅။ မျက်လုံးမိတ်ကပ်

ကိုရီးယား မိတ်ကပ် အများအားဖြင့် မျက်လုံးမိတ်ကပ်ကို အများကြီးလိမ်းချယ်လေ့မရှိပါဘူး။ တစ်ရောင်တည်း ဒါမှမဟုတ် ၂ ရောင် ၃ ရောင်လောက်ပဲ စပ်ပြီးလိမ်းလေ့ရှိပါတယ်။

ပြီးရင်တော့ မျက်တောင်ကော့ပေးလိုက်ပါ။

၆။ မျက်ခုံးမွှေး

မျက်ခုံးမွှေးကိုလည်း ခပ်ပါးပါးလေးပဲ ဆွဲပေးနိုင်ပါတယ်။ သဘာဝကျကျ လေးဆွဲပေးပါ။

၇။ ပါးနီ

ပါးနီကို ခပ်ပါးပါးလေး ဆိုးပေးလိုက်ပါ။ ပန်းသီးလေးလို လှပတဲ့ ပါးပြင်လေး ဖြစ်သွားအောင် ပါးနီလေးကို သေချာလိမ်းပေးလိုက်ပါ။ ခပ်ပါးပါးလေး လိမ်းပေးနိုင်ပါတယ်။

၈။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီကို အတွင်းပိုင်း ရဲနေအောင်ဆိုးလိုက်ပြီး ကျန်တဲ့အပိုင်းကို လက်လေးနဲ့ပဲ သေချာ Blend လုပ်ပေးလိုက်ပါ။

Source: www.dailyvanity.sg

By: MyStyle Myanmar