မိန်းကလေးတွေအတွက်တော့ အပြင်တစ်ခါသွားမယ်ဆိုရင် မိတ်ကပ်ပြင်ဖို့အချိန်ပေးရတာလည်း အလုပ်တစ်ခုပါပဲ။ တစ်ခါတစ်လေကျတော့ အလုပ်နောက်ကျ၊ ကျောင်းနောက်ကျနဲ့ဆိုရင် မိတ်ကပ်ပြင်ဖို့အချိန်ကို မပေးနိုင်တော့ဘူး။

ဒီလိုမိတ်ကပ်ပြင်ဖို့ အချိန်မရတော့တဲ့သူတွေနဲ့ မိတ်ကပ်ပြင်ဖို့ အချိန်ကုန်မခံချင်တဲ့သူတွေအတွက် ၅ မိနစ်ထဲနဲ့ လှပတဲ့မိတ်ကပ်ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့် ၅ ဆင့်ကို ပြောပြပေးလိုက်ပါတယ်။

Cushion သုံးပါ

Source: www.adiva.com.vn

Foundation လိမ်းမယ့်အစား Cushion လိမ်းပါ။ Cushion ဆိုရင် အချိန်ကုန်လည်းသက်သာတယ်။ မိတ်ကပ်ညီအောင်လည်း တကူးတကညှိနေစရာမလိုတော့ပဲနဲ့ လှပစေတယ်။

မျက်ခုံးမွှေးဆွဲပါ

Source: www.bustle.com

Cushion လိမ်းပြီးတာနဲ့ ကိုယ်ဆွဲနေကျအတိုင်း မျက်ခုံးမွှေးအမြန်ဆွဲပါ။ လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်ခုံးမွှေးကအသက်ပဲမို့ မျက်ခုံးမွှေးဆွဲဖို့တော့ လိုမယ်နော်။

Eyeshadow တစ်ရောင်ပဲသုံးပါ

Source: www.pinterest.com

Eyeshadow ပန်းရောင် (သို့) ရွှေရောင် (သို့) လိမ္မော်ရောင် လေးကို လက်ညှိုးလေးနဲ့ယူပြီးသာ မျက်လုံးမှာ ခြယ်လိုက်ပါ။ အမြန်လည်းပြီးတယ်။ တကူးတကလည်း ညှိနေစရာမလိုတော့ဘူး။

မျက်တောင်ကော့ပါ

Source: 3cevietnam.com.vn

Eyeliner ဆိုးရင်အချိန်ပိုကြာလို့ Eyeliner ဆိုးတဲ့အဆင့်ကိုကျော်လိုက်ပါ။ Mascara နဲ့ မျက်တောင်ကော့ပါ။ မျက်တောင်ကော့ကော့လေးဖြစ်နေရင် အရမ်းလှပါတယ်။

နှုတ်ခမ်းနီ

Source: www.shpock.com

မိတ်ကပ်ပြင်ပြီဆိုရင် နှုတ်ခမ်းနီကတော့ မဖြစ်မနေဆိုးပေးဖို့လိုပါမယ်။ ဒါမှလည်း ပြီးပြည့်စုံတဲ့မိတ်ကပ်လေး ဖြစ်မှာပေါ့။