မင်္ဂလာပါ….. ပျိုမဒီတို့ရေ… ဘဝရဲ့ကျန်ရှိနေတဲ့အချိန်ကို ချစ်သူလက်တွဲဖော်နဲ့ အတူဖြတ်သန်းဖို့ စဉ်းစားနေပြီလား? အိမ်ထောင်မပြုခင် တစ်ယောက်အကြောင်း တစ်ယောက် သိတာ သေချာရဲ့လား ? သေချာပြီဆိုရင်တော့ မင်းရဲ့ လက်တွဲဖော် အကြောင်း အားလုံး သိပြီးပြီ ထင်ပါတယ်။ တစ်ယောက်တစ်ကြောင်း တစ်ယောက် သေချာသိ နားလည်ဖို့က ရေရှည်လက်တွဲမှုအတွက် အဓိကသော့ချက်ဖြစ်လို့ပါ။ နှစ်ယောက်စလုံးရဲ့ ပန်းတိုင် လူနေမှုပုံစံ လိုက်လျောညီထွေရှိမှု  ဒါတွေဟာ အရေးကြီးတဲ့ အချက်တွေပါ။

ဘဝရည်မှန်းချက်ကဘာလဲ?

အအချိန်ကြာလာတာနဲ့အမျှ စုံတွဲတွေ ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ လိုက်လျောညီထွေဖြစ်တဲ့ ဘဝပန်းတိုင်မျိုးပါ။ အောင်မြင်တဲ့အိမ်ထောင်ရေးမှာ အဓိကကျတဲ့တစ်ခုကတော့ ဘဝပန်းတိုင်တွေလို ညီညွတ်တဲ့ ပန်းတိုင်တွေ ရှိခြင်းပါပဲ။ ဒါကြောင့် သင့်အနာဂတ်နဲ့ ပတ်သက်ပြီး ပန်းတိုင်တူရဲ့လား သေချာမေးကြည့်ပါ။

ကလေးတွေအပေါ် မင်းရဲ့အမြင်က ဘယ်လိုလဲ?

အိမ်ထောင်တစ်ခုတည်ဆောက်ပြီးရင် ဘဝပန်းတိုင်ရည်မှန်းချက်တွေက အရေးကြီးသလို ကလေးမွေးတာကလည်း အိမ်ထောင်တစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါဘဲ။ ဒါကြောင့် ကလေးလိုချင်ရင် ကလေးဘယ်နှစ်ယောက်လိုချင်လဲ?  သားသမီးကို ဘယ်လို ပြုစုပျိုးထောင်ချင်လဲ ဆိုတာတွေကို လက်မထပ်ခင်ကတည်းကရှင်းရှင်းလင်းလင်းနဲ့ သေချာ မေးထားသင့်ပါတယ်။

သူ့အတွက် မိသားစုက ဘာအဓိပ္ပာယ်လဲ?

သင့်လက်တွဲဖောက်က မိသားစုအပေါ် ဘယ်လိုတန်ဖိုးထားလဲ?  မိဘတွေနဲ့ မောင်နှမတွေရဲ့ ဆက်ဆံရေးကကော ဘယ်လိုလဲ? သူ့ရဲ့ မိဘနဲ့မိသားစုအပေါ်ဆက်ဆံတဲ့ပုံစံက နောက်ပိုင်းမှာ အိမ်ထောင်ဖက်အပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကို ပြနေတာမလို့ပါ။

ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲမလဲ?

လက်မထပ်ခင်ကတည်းက ပိုက်ဆံအကြောင်းပြောနေတယ်လို့ ထင်ကောင်းထင်ရပေမယ့် ဒါကတကယ်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်တာမလို့ တကယ်အရေးကြီးပါတယ်။ လက်ထပ်ပြီးတာနဲ့ ထွက်ငွေနဲ့ ဝင်ငွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဆွေးနွေးပါ။

ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲ?

” လင်နဲ့မယား လျှာနဲ့သွား ” ဆိုတဲ့ စကားပုံလိုဘဲ စကားမများ ရန်မဖြစ်တဲ့ စုံတွဲဆိုတာ မရှိသလောက်ပါဘဲ။ ဒီလိုတစ်ယောက်နဲ့တစ်ယောက် အတွေးမတူတဲ့အချိန် စကားများကြတဲ့ အခါ သူ့ရဲ့ဖြေရှင်းပုံကလည်း အရေးကြီးပါတယ်။ ပြဿနာကို စိတ်အေးအေးနဲ့ရှင်းတတ်လား? လက်ပါတတ်တဲ့လူလား ?