အိမ်မှာနေရင်း ဖုန်းပဲ တစ်နေ့လုံးသုံးနေရလို့ ပျင်းနေကြပြီလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီမေးခွန်းတွေမေးပြီးနောက်မှာ သင့်သူငယ်ချင်းနဲ့ သင့်ကြား သံယောဇဉ်ပိုကြီးလာပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေနဲ့ သင်က ခဏခဏ စကားပြောနေကျဆိုရင် ဒီအကြောင်းအရာတွေက မေးပြီးတာတောင် ဖြစ်နေနိုင်ပါတယ်။ မေးခွန်းအကုန်လုံး မမေးချင်ရင်တောင် သင်သဘောကျရာ မေးခွန်းလေး ရွေးမေးနိုင်ဖို့ မေးခွန်းအမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။
၁။ နင်အရှက်ကွဲခဲ့ရတဲ့ ကိစ္စတစ်ခုရှိခဲ့ဖူးလား..အဲ့ဒါကို ပြောပြ
၂။ လူတစ်ယောက်ကို ဘယ်အရာတွေကြည့်ပြီး ကြိုက်တတ်လဲ
၃။ နင် ရိုလာကိုစတာ စီးရတာကြိုက်လား
၄။ နင့်ကို ငိုအောင် နောက်ဆုံးလုပ်ခဲ့တဲ့လူက ဘယ်သူလဲ
၅။ ဒီအချိန်ကနေစပြီး နောက်ငါးနှစ်အတွင်း နင်ဘာဖြစ်ချင်လဲ
၆။ နင့်ဘဝမှာ နောင်တအရဆုံးအရာရှိဖူးလား
၇။ နင်ဟတ်ဟတ်ပတ်ပတ် ရယ်ခဲ့ရဖူးတာ ဘယ်တုန်းကလဲ
၉။ နင့်အနားမှာ တစ်ယောက်မှမရှိတဲ့အချိန် ဘာလုပ်တတ်လဲ
၁၀။ နင်အသွားချင်ဆုံးနေရာက ဘယ်နေရာလဲ
၁၁။ နင့်ဘဝမှာ စားစရာဆိုလို့ တစ်ခုတည်းပဲ ရွေးရမယ်ဆိုရင် ဘယ်အစားအသောက်ကို ရွေးချင်လဲ.. (စာရေးသူကတော့ ဟော့ပေါ့ :P)
၁၂။ နင်ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ အကြိုက်ဆုံးစာအုပ်ကို ပြောပြ
၁၃။ နင့်ဘဝမှာ ဆုသုံးခုတောင်းလို့ ရမယ်ဆိုရင် ဘာတွေ ဆုတောင်းချင်လဲ
၁၄။ တစ်နေ့ နင်ကလေးမွေးမှာလား။ မွေးရင် ဘယ်နှယောက်မွေးမှာလဲ
၁၅။ ခွေးနဲ့ကြောင်ဆိုရင် ဘယ်သူ့ကိုရွေးမလဲ
၁၆။ နင်ထီပေါက်ခဲ့ရင် ဘာလုပ်မှာလဲ
၁၇။ နင့်ဘဝမှာ ပထမဆုံး Crush က ဘယ်သူလဲ
၁၈။ နင်အကြိုက်ဆုံးအချိုပွဲက ဘာလဲ
၁၉။ နင့်ကိုယ်နင် ပြောင်းလဲရမယ်ဆိုရင် ဘယ်အရာကို ပြောင်းလဲချင်လဲ
၂၀။ နင်သာ တိရစ္ဆာန်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အကောင်ဖြစ်ချင်လဲ
ကဲ..မေးခွန်း နံပါတ် ဘယ်လောက်ကို ရွေးပြီးမေးမှာလဲ..ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar