မကြာခင် V-Day ရောက်တော့မယ်နော်။ သင်ရော သင့်ကောင်လေးပါ အချိန်ရတယ်ဆိုရင် နှစ်ယောက်အတူထိုင်ပြီး ဒီမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။ သင့်ကောင်လေးက သင့်မေးခွန်းတွေကို ဖြေတဲ့အခါ နှစ်ယောက်လုံးအတွက် အမှတ်တရဖြစ်ပြီး ပျော်စရာကောင်းမှာပါ။

၁။ ကျွန်မနဲ့ စတွေ့တုန်းက ပထမဆုံး သတိထားမိတဲ့အရာက ဘာလဲ _

၂။ ကျွန်မတို့ နှစ်ယောက်ရဲ့ အချစ်ကို ကိုုယ်စားပြုတဲ့ သီချင်းရှိလား။ စဉ်းစားပြီး ပြောပြ _

၃။ ကျွန်မတစ်ကိုယ်လုံးမှာ ရှင်သဘောအကျဆုံးအရာက ဘာလဲ_

၄။ ဘာကို တွေ့ရင် ကျွန်မကို သတိရတတ်လဲ _

၅။ ကျွန်မရှင့်အတွက် ဝယ်ပေးတဲ့လက်ဆောင်တွေထဲမှာ ဘယ်လက်ဆောင်အကြိုက်ဆုံးလဲ _

၆။ ကျွန်မအကျင့်တွေထဲမှာ ရှင်မကြိုက်တဲ့ အကျင့်ရှိလား။

၇။ ကျွန်မကို ဘာလို့ချစ်တာလဲ_

၈။ ရှင် ဘယ်အစားအစာကို အကြိုက်ဆုံးလဲ။ ကျွန်မချက်ကျွေးချင်လို့ _

၉။ ကျွန်မ_ ဘာလုပ်ရင် ရှင်အပျော်ဆုံးလဲ

၁၀။ ကျွန်မနဲ့ ဒိတ်လုပ်ခဲ့သမျှထဲမှာ ဘယ်အချိန်ကို အကြိုက်ဆုံးလဲ

၁၁။ ကျွန်မ ဘယ်လိုလေးဝတ်ရင် ရှင်သဘောကျလဲ

၁၂။ အခုအချိန် ကျွန်မနဲ့ အတူအလုပ်ချင်ဆုံးအရာက ဘာလဲ

Photo Source: Pinterest

By MyStyle Myanmar