ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က တစ်နေ့တခြား ပိုလှလာတယ်.. အသက်ကြီးလေ ပိုလှလေဆိုတဲ့ ချီးကျူးစကားတွေကို လိုချင်တယ်ဆိုရင်တော့ ကိုယ့်အလှအပကို ကိုယ် ဂရုစိုက်ရပါမယ်။ သင်က ဘယ်မှမသွားဖြစ်တာ၊ ဒါမှမဟုတ် အလုပ်နားထားတာကြောင့် အိမ်မှာ နေရတဲ့အချိန်လည်း ပိုလှအောင် ကြိုးစားနိုင်ပါတယ်။ ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင်ပေါ့-
၁။ Vaseline

Vaseline ကို အသုံးပြုနိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ဒါကတော့ မျက်ခုံးနဲ့ မျက်တောင်ပါ။ အိပ်ယာမဝင်ခင် မျက်တောင်ပေါ် Vaseline လိမ်းပေးတာက မျက်တောင်ပိုရှည်စေပါတယ်။ မျက်ခုံးပေါ် Vaseline လိမ်းရင်တော့ မျက်ခုံးပိုထူလာပါလိမ့်မယ်။
၂။ ဆံပင်ပုံစံ

YouTube ပေါ်မှာ ဆံပင်စည်းနည်းတွေ အမျိုးမျိုးရှိပါတယ်။ သင်က ဆံပင်ရှည်တယ်ဆိုရင်တော့ ပုံမှန်ဆံပင်ကို ချထားတဲ့ပုံစံမဟုတ်ဘဲ တခြားပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်။ ဒါကြောင့် အိမ်မှာနေတဲ့အချိန် ဆံပင်စည်းနည်းတွေကို လေ့လာလို့ရပါတယ်။
၃။ မိတ်ကပ်ပုံစံ

သင်က ဘာအလုပ်မှ မလုပ်ဖြစ်ဘဲ အိမ်မှာ ပဲ နေဖြစ်တယ်ဆိုရင်တော့ ဒီအချိန်က မိတ်ကပ်လိမ်းတာ လေ့လာဖို့ အချိန်ကောင်းပါပဲ။ ကိုယ်အရင်က မလိမ်းဖူးတဲ့ မိတ်ကပ် Look တွေကို လေ့လာပြီး လေ့ကျင့်ကြည့်ပါ။
၄။ လေ့ကျင့်ခန်းလုပ်ပါ

လမ်းလျျောက်လို့ရပါတယ်။ ကခုန်လို့ရပါတယ်။ ဗိုက်လေ့ကျင့်ခန်းတွေပြုလုပ်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်အသားအရေကို စိုပြေစေပြီး ပိုစိတ်ချမ်းသာစေပါတယ်။
၅။ ရေများများသောက်ပါ

တစ်နေ့မှာ အနည်းဆုံး ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ပေးသင့်ပါတယ်။ အိမ်မှာ နေတယ်ဆိုရင်တော့ ရေသောက်ဖြစ်ဖို့ ပိုလွယ်သွားပါပြီ။
၆။ Facial Mask ကပ်ပါ

Facial Mask ကို တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိကပ်ကြည့်ပါ။ သင့်အသားအရေ စိုပြေတောက်ပလာတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရပါလိမ့်မယ်။
၇။ Scrub တိုက်ပါ

တစ်ကိုယ်လုံး သွေးလည်ပတ်မှုကောင်းဖို့.. ဒူးမည်းတာ၊ ခြေဖမိုးမည်းတာတွေ သက်သာဖို့ Scrub တိုက်ပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်ကနေ သုံးကြိမ် တိုက်ပေးရင် ပိုထိရောက်ပါတယ်။
အိမ်မှာနေရင်း ဒီနည်းလမ်းတွေအတိုင်း ကိုယ့်အလှကို ထိန်းသိမ်းလိုက်ရအောင်နော်။
Photo Source: Pinterest
By MyStyle Myanmar