တစ်ချို့လူတွေဟာ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်တဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ဘယ်သူမဆို ခင်စရာကောင်းတဲ့သူတွေ ၊ နှစ်လိုစရာ ကောင်းတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်ချင် ရင်းနှီးကျွမ်းဝင်ချင်ကြတာ သဘာဝပါပဲ။ ချစ်ခင်စရာကောင်းတယ်ဆိုတဲ့ လူတွေကို လေ့လာကြည့်ရင် ဒီအရည်အသွေးတွေ ရှိတာ တွေ့ရပါတယ်။

(၁) အလိုက်သိတယ်

Photo : Pinterest

အလိုက်သိခြင်းဟာ ယဉ်ကျေးခြင်းပါပဲ။ အလိုက်သတိရှိသူဟာ ဘယ်နေရာရောက်ရောက် လူတွေ သဘောကျခံရတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရာမှာ အခြေအနေကို နားလည်မှု ရှိရှိနဲ့ ဆက်ဆံတတ်သူကို ဘယ်သူက သဘောမကျဘဲ ရှိပါ့မလဲ။

(၂) နားဝင်အောင် ပြောတတ်တယ်

Photo : Experto

စကားပြောခြင်း အတတ်ပညာဟာ တစ်သက်လုံး အသုံးဝင်တဲ့ ပညာဖြစ်ပါတယ်။ စကားကို ချိုချိုသာသာ ပြောတတ်ဖို့ ၊ ရိုးရိုးသားသား နူးနူးညံ့ညံ့ ပြောတတ်ဖို့က အလွန်အရေးကြီးပါတယ်။ စကားပြောကောင်းခြင်းဆိုတဲ့ အရည်အချင်းထဲမှာ စကားတတ်တာတင် မဟုတ်ဘဲ သမ္မာဝါစာ စကားကောင်းပြောတတ်ဖို့လည်း လိုအပ်ပါတယ်။

(၃) သူများတွေပြောတာကိုလည်း သေချာနားထောင်တယ်

Photo : Business Insider

နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လူတွေဟာ သူတို့ရဲ့ စကားကို ဂရုတစိုက် နားထောင်သူမျိုးကို နှစ်သက်ကြပါတယ်။ နားထောင်ခြင်းဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးသော့ချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

(၄) စိတ်ကူးစိတ်သန်းကောင်းတယ်

Photo : Activis

စိတ်ကူးဉာဏ်ကွန့်မြူးသူတွေနဲ့ ပေါင်းရတာလည်း စိတ်ဝင်စားစရာပါ။။ စိတ်ကူးဉာဏ်ကောင်းသူတွေ ၊ အသိအမြင်ကြွယ်ဝသူတွေနဲ့ စကားပြောရတာဟာ အမြဲပဲ တစ်ခုခုတော့ ကိုယ့်စိတ်ထဲ ကျန်ခဲ့ပါတယ်။ ကိုယ့်အတွက် စိတ်ခွန်အားပေးနိုင်တဲ့ မိတ်ဆွေလည်း ဖြစ်လို့ ဒီလိုလူတွေကိုတော့ အနားမှာပဲ ထားချင်ကြမှာပါ။

(၅) ဟာသဉာဏ်ကောင်းတယ်

Photo : The Mindful Word

ပျော်စရာကောင်းသူတွေနဲ့တော့ ဘယ်သူမဆို မိတ်ဆွေဖြစ်ချင်ကြမှာပါ။ ခင်စရာကောင်းသူတွေထဲမှာ ဟာသဉာဏ်ရှိတဲ့သူတွေကို ဖယ်ထားလို့ ဘယ်ဖြစ်မလဲ။ သူတို့ကြောင့်ပဲ ကိုယ်တွေရဲ့ စကားဝိုင်းဟာ အသက်ဝင်ပြီး ပျော်စရာကောင်းနေတာ ဖြစ်ပါတယ်။