ယနေ့ခေတ်မှာ မိန်းကလေးတွေ ဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်လာကြတာကြောင့် အမျိုးသမီးတွေရဲ့ အားကိုးယုံကြည်မှုကို ရနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်တော့ပါဘူး။ ဒါကြောင့် ယုံကြည်အားကိုးစဖွယ် ပုရိသတစ်ယောက်ဖြစ်စေမယ့် အချက်လေးတွေကို တူတူလေ့လာကြည့်ရအောင်။

(၁) လူကြီးလူကောင်းဆန်စေတဲ့ အပြုအမူများ

အမျိုးသမီးတွေရဲ့ နှလုံးသားကို ပိုပြီးလှုပ်ခတ်စေနိုင်တဲ့အရာတစ်ခုက သူမတို့အပေါ်တန်ဖိုးထားတက်တဲ့ လူကြီးလူကောင်းဆန်စေတဲ့ အပြုအမူလေးတွေဖြစ်ပါတယ်။ ငွေကုန်ကျများတဲ့ တခမ်းတနား လက်ဆောင်တွေထက် လမ်းကူးနေချိန် လက်လေးတွဲထားပေးတာမျိုး၊ ကားပေါ်ကဆင်းတဲ့အခါ တံခါးဖွင့်ပေးတာမျိုး စတဲ့ အပြုအမူလေးတွေက တန်ဖိုးထားမှု နွေးထွေးမှုပေးနိုင်တယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။

(၂) ရယ်စရာကောင်းတဲ့ဟာလေးများ

အမျိုးသမီးတွေအတွက် အနေအေးသူတွေက လုံးဝဆွဲဆောင်မှုရှိစေမှာ မဟုတ်ပါဘူး။ အဓိက သူတို့ကို ရယ်မောပျော်ရွှင်စေနိုင်သူကသာ သူတို့ရဲ့ စိတ်အာရုံကို ပိုမိုဖမ်းစားနိုင်မှာဖြစ်ပါတယ်။ သူမ စိတ်အားငယ်နေချိန် စိတ်ဓာတ်ကျနေချိန်တွေမှာ ရယ်စရာလေးတွေနဲ့ စိတ်ပျော်ရွှင်အောင် လုပ်ပေးတတ်ဖို့က အဓိကျတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၃) အရသာရှိတဲ့ဟင်းလျာများ

လေ့လာမှုတွေအရ အချက်အပြုတ်ဝါသနာပါတဲ့ အမျိုးသားဟာ အမျိုးသမီးတွေရဲ့အမြင်မှာ ဆွဲဆောင်အားပြင်းတဲ့သူဖြစ်ပါတယ်။ မိန်းကလေးအများစုက ချစ်သူကောင်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတဲ့ အရသာရှိတဲ့ဟင်းလျာလေးတွေကို စားရတာဟာ နာမည်ကြီးစားသောက်ဆိုင်ကောင်းတွေ ခေါ်သွားခြင်းထက် ပိုသဘောကျကြပါတယ်။