အိမ်ထောင်ရေးဆိုတာ တစ်သက်လုံး တည်တံ့ခိုင်မြဲဖို့ နှစ်ဦးနှစ်ဖက် ကြိုးစားကြရတဲ့ အရာပါ။ ဘဝအနိမ့်အမြင့်အတက်အကျတွေကို ကျော်ဖြတ်နိုင်ပြီး အတူတူ တိုးတက် အောင်မြင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဘက်မှာ ဘဝလက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အချင်းတွေရှိနေဖို့ အရမ်းအရေးကြီးပါတယ်။

အခုပြောပြပေးမှာက ဆွဲဆောင်မှုရှိတာတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ချောမောလှပတာမျိုးတွေ မဟုတ်ဘဲ ဒီလိုအချက်တွေရှိနေတဲ့သူတစ်ယောက်နဲ့ ချစ်သူတော်ထားတယ်ဆိုရင် လုံးဝလက်မလွှတ်လိုက်ဖို့အတွက် ပြောချင်ပါတယ်။

စိတ်ခံစားချက်တွေကို ထိန်းနိုင်တယ်

စိတ်ခံစားချက်ကို ထိန်းနိုင်တဲ့သူတွေက အသေးအမွှား ကိစ္စတိုင်းကို မကျေမနပ်ဖြစ်နေတာ ၊ စိတ်ဖိစီးနေတာတွေ လုပ်မှာမဟုတ်ပါဘူး။ လုံးဝစိတ်မဆိုးတတ်ကြဘူးလို့ ပြောတာမဟုတ်ဘဲ သူတိုရဲ့ ခံစားချက်တွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ကြသူတွေလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုလူတွေက အကောင်းမြင်ပြီး လက်တွေ့ဆန်တဲ့ သဘောထားရှိသလို တခြားသူတွေရဲ့ အမြင်ကိုလည်း ထည့်သွင်း စဉ်းစားပေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

စဉ်းစားတွေးခေါ်တတ်တယ်

စဉ်းစားတွေးခေါ်တတ်တဲ့သူတွေက ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ စဉ်းစားတွေးခေါ် ပေးတတ်သူတွေဖြစ်ကြပါတယ်။ သက်တူရွယ်တူ သူငယ်ချင်းတွေကနေ မိဘတွေအထိ သူတိုရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ လူတွေအပေါ် ဘယ်လို ပေါင်းသင်းဆက်ဆံသလဲဆိုတာကို လေ့လာကြည့်ပါ။

တကယ်လို့ သင့်မှာ မိသားစုကို ကောင်းကောင်းဆက်ဆံတတ်သလို အသိမိတ်ဆွေတွေနဲ့ သူစိမ်းတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ပြောဆိုဆက်ဆံတတ်တဲ့ ချစ်သူမျိုး ရှိတယ်ဆိုရင် သူ့ကို အလေးထား ဂရုစိုက်ပေးသင့်ပါတယ်။

ဖေးမကူညီတတ်တယ်

လက်တွဲဖော်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ပံ့ပိုးပေးတတ်တဲ့ ပါတနာတွေက သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

ကိုယ့်အကြောင်း စိတ်ဝင်စားပြီးတော့ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ နားထောင်ပေးတတ်ကြသလို ကိုယ့်ကို ဘယ်လို ကူညီပံ့ပိုးပေးရမလဲဆိုတာ အမြဲတွေးနေတက်ကြ သူတွေပါ။

ဒီလို လက်တွဲဖော်က သင့်ရဲ့ဘဝကို အများကြီး ပြောင်းလဲသွားစေနိုင်တဲ့သူတွေဆိုရင် မမှားပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ သူတိုရဲ့ လက်တွဲဖော်က သူတို့ထက် သာသွားမှာဆိုးတာ ၊ ကိုယ့်ရဲ့ အောင်မြင်မှုကို မနာလိုတာမျိုး မရှိတတ်ကြပါဘူး။

သူတို့က သူတို့ရဲ့ အားသာချက်တွေကို သိသလို တခြားသူတွေ လိုအပ်တာကိုလည်း ပံ့ပိုးကူညီပေးတတ်တဲ့သူတွေပါ။ မှန်ကန်တဲ့လက်တွဲဖော်ကို ရွေးချယ်တာက ရေရှည်အတွက် ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။