မင်္ဂလာပါ ပျိုမေတို့ရေ။ လက်သည်းနီဆိုးရတာကြိုက်တဲ့ ပျိုမေတို့အတွက် ခေတ်ဆန်တဲ့ ကာလာလေးဖြစ်တဲ့ Lavender ခရမ်းရောင်လက်သည်းနီဒီဇိုင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။ လက်သည်းနီအရောင်တွေထဲမှာမှ Lavender ပန်းလို ခရမ်းနုရောင်လေးက ဘယ်လိုအသားရောင်မျိုးနဲ့မဆို လိုက်ဖက်သလို လူငယ်ဆန်တဲ့ကာလာလေးလို့ ပြောလို့ရပါတယ်။


စိတ်ကူးယဉ်ဆန်သလို အမြင်အေးစေတဲ့ အရောင်လေးဖြစ်တာမို့ လက်ချောင်းလေးတွေကျော့ရှင်းပြီး မိန်းကလေးဆန်ဆန် လှနေစေမှာပါ။ ဒါ့အပြင် Lavender အရောင်လေးက နူးညံ့ခြင်းနဲ့ Romantic ဆန်ခြင်းကို ကိုယ်စားပြုတာမို့ ကိုယ့်ချစ်သူနဲ့ Date လုပ်မယ့်နေ့တွေမှာ ဆိုးသွားဖို့ သင့်တော်တဲ့ အရောင်လေးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ဆိုးကြည့်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် Lavender ကာလာစိုစိုလေးတွေနဲ့ ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar