အချစ်စစ်ဆိုတာ ရှားပါးတယ်။ တကယ့်အချစ်စစ်ကို တွေ့ပြီဆိုရင်လည်း မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာပါတော့တယ်။ အချစ်စစ်က လူတွေကို ပန်းရောင်တိမ်တွေပေါ်မှာ မျှော်နေသလိုခံစားရအောင် လုပ်ဆောင်နိုင်စွမ်းရှိပြီး အတွေးပေါင်းများစွာနဲ့ တစ်ညလုံး နိုးကြားနေစေနိုင်ပါတယ်။

ဒါပေမယ့် မိမိချစ်တဲ့သူနဲ့တွေ့တိုင်းလည်း တစ်ဘဝလုံး ပေါင်းဖက်ရမယ်လို့ ယုံကြည်ထားလို့မရပါတယ်။ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထား တယ်ဆိုရင် ချစ်တယ်ဆိုတာထက် ပိုတဲ့ပေးဆပ်မှုတွေ နာကျင်မှုတွေကို ခံစားနိုင်ရပါမယ်။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ အချစ်စစ်နဲ့ တွေ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရာတွေအကြောင်းပါပဲ။

တစ်ယောက်စိတ်ကို တစ်ယောက်က နားလည်လာနိုင်မယ်

လေ့လာမှုတွေအရ အချိန်အကြာကြီး ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ စုံတွဲတွေဟာ တစ်ယောက်ရဲ့ ခံစားချက်၊ အတွေးတွေကို တစ်ယောက်က နားလည် နိုင်ကြတယ်လို့ ဆိုထားပါတယ်။ ဒါဟာ လူတစ်ယောက်ကို သိတယ်ဆိုတာထက် အများကြီးပိုပါတယ်။ စကားမပြောဘဲ တိတ်ဆိတ် နေရင်တောင် တစ်ယောက်ဘာဖြစ်ချင်နေလဲဆိုတာကို နောက်တစ်ယောက်က သိနေတတ်ပါတယ်။

အနာဂက်အတွက် စိတ်ကူးတွေမျှဝေကြလာမယ်

ဘဝမှာ အချစ်စစ်ကိုတွေ့ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘဝ ဆိုပြီးစတင်တွေးတောလာပါလိမ့်မယ်။ လူတိုင်းနီးပါး ကိုယ်ချစ်ရတဲ့သူကို အနာဂါတ် လျှောက်လမ်းမယ့်ခရီးလမ်းမှာ ပါဝင်စေချင်ကြတယ်။ ဒါကြောင့် ချစ်ရတဲ့သူပါတဲ့ အနာဂက် အိပ်မက်တွေကို အတူတူ ပုံဖော်လာကြပါလိမ့်မယ်။ အိပ်မက်ချင်း မတူညီရင်တောင် ကိုယ်ချစ်ရတဲ့သူနဲ့ နီးစပ်ဖို့အတွက် နည်းလမ်းရှာဖွေလာပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် အားအင်တွေဖြစ်လာမယ်

တစ်နေ့တာ ပင်ပန်းလာတဲ့အချိန်တွေမှာ အချင်းချင်း အားအင်တွေယူကြလာမယ်။ တစ်ယောက်အတွက် တစ်ယောက်ရှိပေးခြင်းက ဘယ်တော့မှ အထီးကျန်တယ်၊ စိတ်အားငယ်တယ်လို့ မခံစားရစေဘူး။ ကိုယ်ချစ်ရတဲ့လူဆီက အားပေးစကားတွေ ကြားရတာက အရာရာ ပြီးပြည့်စုံသလို ခံစားရစေပါတယ်။

ချစ်ရတဲ့သူတွေနဲ့ မိတ်ဆက်ပေးချင်လာမယ်

အချစ်စစ်ကို တွေ့ပြီဆိုတာနဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လာပါလိမ့်မယ်။ ဒါကလည်း ချစ်ရတဲ့သူနဲ့ လျှောက်မယ့်လမ်းမှာ ကိုယ်ချစ်ရတဲ့သူတွေရဲ့ အထောက်အပံ့နဲ့အားပေးမှုကို ရယူနိုင်ဖို့အတွက် လမ်းစဖြစ်ပါတယ်။

မတူညီမှုတွေ အတွေးအခေါ်တွေကို လေးစားလာမယ်

လူတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေကိုယ်စီ ရှိကြတယ်။ ဒီလိုဘဲ ကိုယ်ချစ်ရတဲ့သူနဲ့လည်း အမြဲတမ်းအတွေးတွေ တူမနေတတ်ဘူး။ ဒီလိုအရာတွေက စုံတွဲတွေအတွက် စိန်ခေါ်မှုတွေပဲ။ ဒါပေမယ့် ချစ်ရတဲ့သူရဲ့ သဘောထားကို လက်ခံတယ်၊ လက်မခံဘူးဆိုတာထက် လေးစားသမှုရှိဖို့ အရေးကြီးပါတယ်။ သူ့ရဲ့ အတွေးတွေကို နားထောင်ပေးပြီး မတူညီတာတွေကို လက်ခံပေးဖို့ လိုအပ်ပါတယ်။

Source: Bright Side