လူသားတွေရဲ့ အိပ်မက်က ထူးဆန်းပါတယ်။ လူတော်တော်များများ ဘာကြောင့် အိပ်မက်တွေမက်နေရတာလဲဆိုတာကို မရှင်းပြနိုင်ကြပါဘူး။ ဒါပေမယ့် ယနေခေတ်မှာတော့ အိပ်မက်တွေအကြောင်းလေ့လာတဲ့ ဘာသာရပ် (oneirology) တွေတောင် ရှိလာနေပါပြီ။ တစ်ချို့တွေကတော့ အိပ်မက်အကြောင်း စာအုပ်တွေတောင် ရေးနေကြပါပြီ။ လူတော်တော်များများက အိပ်မက်တွေက အနာဂတ်ကို ပြောပြနိုင်တယ်လို့ အယုံအကြည်ရှိနေကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေက အိပ်မက်တွေဟာ လက်ရှိမိမိမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်စေတာ (သို့) မသိစိတ်ထဲက အရေးကြီးတဲ့ အကြောင်းအရာတခုခုကို အိပ်မက်ကနေတဆင့် ပြောပြဖို့ကြိုးစားနေတာဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွမ်းကျင်သူတွေ ပြောပြတဲ့ စိတ်ဝင်စားစရာအိပ်မက်တွေအကြောင်းမျှဝေပေးချင်ပါတယ်။

(၁) စာမေးပွဲကျတာ (သို့) လူအများရှေ့မှာ အရှက်ရတာ

အိပ်မက်ထဲမှာ စာမေးပွဲကဖြေရတော့မယ်။ ဒါပေမယ့် စာကတစ်လုံးမှ မမှတ်မိဘူးဖြစ်နေတယ်။ လူအများရှေ့မှာလည်း စကားပြောမပြောနိုင်ဘူး။ ဒီလိုအိပ်မက်တွေက ကျောင်းသားတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်နေတဲ့ လူတွေဟာလည်း ဒီလိုမျိုးအိပ်မက်တွေ မက်လေ့ရှိကြပါတယ်။ ဒါဟာ အိပ်ယာမဝင်ခင် စိတ်ဖိစီးမူအနည်းငယ်ရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်သလို တစ်စုံတစ်ခုကို အကြီးအကျယ်စိုးရိမ်ပူပန် နေလို့လည်း ဖြစ်နိုင်ပါတယ်။

(၂) လိုက်ပြီးအဖမ်းခံနေရာတာ (သို့) နှိပ်စက်ခံနေရတာ

ဒီလိုအိပ်မက်တွေမက်ရတဲ့ အကြောင်းအရင်းအများကြီးရှိပါတယ်။ ပြဿနာတွေကို မဖြေရှင်းဘဲ ရှောင်ပြေးဖို့ကြိုးစားသူ (သို့) ပြဿနာတွေလုပ်တဲ့သူ တွေမှာ ဒီလိုအိပ်မက်တွေမက်လေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေကပြောထားပါတယ်။ မိမိကို လိုက်ဖမ်းနေတဲ့ အရာကိုသေချာဂရုစိုက်ပြီးမှတ်သားထားပါ။ ဒီအရာက အပြင်ဘဝမှာ သင်မကြိုက်တဲ့ခံစားချက် (သို့) မကြိုက်မနှစ်သက်တဲ့ အခြေအနေတခုခုကို ကိုယ်စားပြုလေ့ရှိတတ်ပါတယ်။ ပြီးတော့ မိမိကိုလိုက်ဖမ်းနေတဲ့ အရာဟာ ကိုယ်မပြောပြမဝန်ခံချင်တဲ့ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကိုလည်း ညွန်ပြလေ့ရှိတတ်ပါတယ်။

(၃) ကပ်ဘေး (သို့) ကမ္ဘာပျက်ခြင်း

သဘာဝ ကပ်ဘေး (သို့) လူတွေလုပ်တဲ့ ကမ္ဘာပျက်ကိန်းစတဲ့ အိပ်မက်တွေကို လူတော်တော်များများ ဒီလိုအိပ်မက်တွေ မက်ဖူးကြလိမ့်မယ်ထင်ပါတယ်။ ဒီလိုအိပ်မက်တွေက လူတွေရဲ့ ထိန်းချုပ်လို့မရနိုင်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ (သို့) ချိန်းခြောက်ခံနေရတာတွေကြောင့် မြင်မက်လေ့ရှိကြတာဖြစ်ပါတယ်။

(၄) နောက်ကျခြင်း

ရထားနောက်ကျတာ (သို့) အရေးကြီးတဲ့ တွေ့ဆုံပွဲတွေ နောက်ကျတာ စတဲ့အိပ်မက်တွေကလည်း လူတွေ မကြာခဏမက်လေ့ရှိတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဒီအိပ်မက်တွေက Relationships (ချစ်သူရည်စား၊ ညီအကိုမောင်နှမ စသဖြင့်) တွေမှာ အရေးကြီးတာတခုခု လုပ်ဖို့မေ့ကျန်ခဲ့မှာ ကြောက်တဲ့စိတ်ကိုညွန်ပြ လေ့ရှိပါတယ်။ ဥပမာ ကလေးတွေကို သွန်သင်ဆုံးမဖို့ မေ့ကျန်ခဲ့မှာ ကြောက်တာမျိုးတွေပါ။

Source: Bright Side