ဂန္တဝင်စာပေစာရေးဆရာများဟာ သူတို့ရဲ့ဇာတ်ကောင်များ၏ မျက်ခုံးနှင့် မျက်တောင် လှုပ်ရှားမှုများကို အာရုံစိုက်စေချင်သည်မှာ အကြောင်းပြချက် ရှိပါတယ်။ လေ့လာမှုတွေအရ တစ်ယောက်ဆီကနေ အခြားတစ်ယောက်ဆီကို သတင်းအချက်အလက်တွေဝေမျှခြင်း (၉၃) ရာခိုင်နှုန်းဟာ အသံနဲ့ မဟုတ်ကြောင်း သက်သေပြခဲ့ပါတယ်။

အသံနဲ့မဟုတ်တဲ့ ဆက်သွယ်မှုမှာ body language သာမက ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေလည်း အကျုံးဝင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ တခြားလူတွေအပေါ် စကားလုံးတွေနဲ့မဟုတ်ဘဲ လွှမ်းမိုးနိုင်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

(၁) တစုံတယောက်ရဲ့ စိတ်ဝင်စားမှုရဖို့ အတွက် မျက်လုံးချင်းစုံအောင်ကြည့်ပြီး မျက်လုံးအရောင်ကို မြင်အောင်ကြည့်ပါ

မိမိနဲ့မသိကျွမ်းသေတဲ့ လူတစ်ယောက်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ကိုတည်ဆောက်ဖို့ အတွက် ဒီအချက်က ကူညီပေးလိမ့်မယ်။ သူတို့နဲ့ မျက်လုံးချင်းဆုံတဲ့အချိန်မှာ မျက်လုံးအရောင်ကို စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ စိတ်ပညာရှင်တွေရဲ့ သက်မှတ်ချက်အရာ ဒီလိုလုပ်ဖို့အတွက် အချိန် (၃-၅) စက္ကန့်အထိ ယူဖို့လိုအပ်ပါတယ်။

စကားပြောနေတဲ့အချိန်မှာ တခြားလူနဲ့ မျက်လုံးချင်းဆုံအောင် မကြိုးစားဘူး (သို့) မျက်လုံးချင်း အချိန်အကြာကြီးဆုံအောင် ကြည့်မယ်ဆိုရင်လည်း သူတို့ကို သက်သောင့်သက်သာမဖြစ်စေပါဘူး။ ပြီးတော့ သူတို့ရဲ့နှာတံကို ကြည့်ပြီး မျက်လုံးနဲ့ပြုံးနိုင်အောင်ကြိုးစားပါ။

(၂) အခုမှတွေ့တဲ့လူကို ချက်ခြင်းစကားတွေ အများကြီးမပြောပါနဲ့ သူတို့ကို အချိန်ပေးပါ

အကြည့်ချင်းဆုံပြီးတဲ့နောက် ချက်ချင်းစကား စ မပြောပါနဲ့။ ထိုင်ခုံနေရာတကျ ချတာ (သို့) ပိုက်ဆံအိတ်ကို ဖွင့်ပြီးတခုခုရှာတာ (သို့) ပစ္စည်းတွေကို နေရာတကျထားတာ စသဖြင့် တခုခုပြုလုပ်ပါ။ ဒီလိုလုပ်နေခြင်းအားဖြင့် တဖက်လူက သင့်အပေါ် အကဲခတ်ဖို့ အချိန်ပေးလိုက်တာနဲ့တူပါတယ်။ ပြီးတော့ စကားပြောနေစဉ်အတွင်းမှာလည်း သင့်အပေါ်မှာ စိတ်ဝင်စားမှုရှိနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အစကတည်းက စိတ်ဝင်စားမှုရှိအောင် ပြုလုပ်ထားနိုင်လို့ပါပဲ။

(၃) တစုံတယောက်က ကိုယ်မကြိုက်တဲ့ အကြောင်းတွေပြောလာရင် သူတို့ရဲ့ နဖူးကိုကြည့်ပါ

မကောင်းကြောင်းတွေပဲ ပြောတက်တဲ့လူတွေကို ရှောင်ရှားနိုင်ဖို့အတွက် အဲ့ဒီလူတွေရဲ့ နဖူးကိုသာ စိုက်ကြည့်ပေးလိုက်ပါ။ ဒီလိုကြည့်တဲ့အကြည့်မှာ စွမ်းအားရှိပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့လူတွေတောင် ဒီနည်းလမ်းက အသုံးဝင်ပါလိမ့်မယ်။

(၄) စကားပြောတာ ခဏရပ်ဖို့အတွက် တခြားအရာအပေါ်အာရုံစိုပါ

အကယ်၍ တစ်စုံတစ်ယောက်က သင့်ကိုတစ်ခုခု ဆုံးဖြတ်ခိုင်းပြီဆိုရင် သင့်အနေနဲ့ စဉ်းစားဖို့အချိန်လိုအပ်ပါလိမ့်မယ်။ ငြိမ်ငြိမ်လေးနေပြီး စဉ်းစားမယ့်အစား မျက်မှန်ချွတ်ပြီး သန့်ရှင်းရေးလုပ်နေလိုက်ပါ။ ဒီအပြုအမူက တဖက်သားကို သင်ဟာ အဖြေကိုစဉ်းစားနေကြောင်း ခဏနေရင် အဖြေတခုခုသိရမှာဖြစ်ကြောင်း ထင်သွားစေပြီး သူတို့အနေနဲ့ စိတ်ရှည်ရှည်နဲ့ စောင့်ပါလိမ့်မယ်။ တကယ်လို့ သင်ကမျက်မှန် မတပ်တဲ့လူဆိုရင် အခြားအရာတွေလုပ်ရင်းနဲ့ အချိန်ယူနိုင်ပါတယ်။ ဥပမာ အင်္ကျီ အောက်စကို စစ်ဆေးတာ (သို့) လက်စွပ်ချွတ်ပြီး သန့်ရှင်းရေးလုပ်တာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

Source: Bright Side