တူနှစ်ကိုယ်လက်တွဲတာက အလှပဆုံး ဘဝတစ်ခုပါ။ ဒါပေမဲ့ ချစ်သူနဲ့ သူငယ်ချင်း ဘယ်သူ့ကိုဦးစားပေးရမလဲဆိုတဲ့အချက်က ပျိုမေတို့ကြားမှာ ခေါင်းစားရတဲ့အချက်တစ်ခုပါ။ တချို့တွေကတော့ ရည်းစားရပြီးနောက်မှ သူငယ်ချင်းတွေနဲ့ အပြောအဆိုကျဲသွားတတ်ပါတယ်။ ဒါပေမဲ့တကယ်ပြဿနာတစ်ခုခုကြုံလာတဲ့အချိန်မှာတော့ ပျိုမေအများစုဟာ လက်တွဲဖော်ထက် သူငယ်ချင်းတွေကို ပိုလိုအပ်ကြပါတယ်။

ဒါကြောင့်တစ်ခါတလေ ချစ်သူထက် သူငယ်ချင်းကို ပိုအချိန်ပေးနေမိပြီလား။ ဒီအတွက်နဲ့ သင်စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ စစ်တမ်းကောက်မှုတစ်ခုအရ အမျိုးသမီးပေါင်း ၁၅၁၇ ယောက်ဟာ သူတို့ပြဿနာတွေကို ရင်ဖွင့်ဖို့ ချစ်သူထက် သူငယ်ချင်းကို ရွေးချယ်ခဲ့ကြပါတယ်တဲ့။

Brightside.me

သင့်သူငယ်ချင်းကို ကိုယ့်ရဲ့ အတွင်းရေးကိစ္စတွေအားလုံးကိုပြောပြနိုင်ပါတယ်။ ယောကျာ်းလေးတွေမသိသင့်တဲ့ ကိစ္စတွေအပါအဝင်ပေါ့။ သူတို့က သင့်ကို ဒီအတွက်လဲ ဝေဖန်ရေးလုပ်မှာမဟုတ်ပါဘူး။

မိန်းကလေးအများစုရဲ့ဝါသနာက ဈေးဝယ်ထွက်တာပါ။ ယောကျာ်းလေးတွေမကြိုက်ဆုံးကလည်း ဒါပါပဲ။ ကောင်မလေးဈေးထွက်ဝယ်တဲ့နောက်က လိုက်ပေးရတာပါ။ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ ကိုယ်ဝယ်ချင်တာတွေ လျှောက်ဝယ်ပစ်လို့ရပါတယ်။ ဝါသနာတူတာကလည်း သူငယ်ချင်းတွေကို ပိုလိုအပ်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။

ကောင်မလေးတွေကြုံဖူးမှာပါ။ ကိုယ်စိတ်ဝင်စားတဲ့ကောင်လေးနဲ့တွေ့ရင် ကိုယ့်အမူအရာက ပြောင်းသွားတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ ငပေါကြီးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် BFF တွေရှေ့မှာ ကိုယ့်ရဲ့ တကယ့်ပင်ကိုပုံစံက ပေါ်လာတတ်ပါတယ်။

အမျိုးသမီးတွေ ဝန်ခံတဲ့နောက်တစ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာက သူတို့ကိုယ်ကို ပိုယုံကြည်မှုရှိလာစေပါတယ်တဲ့။ လက်တွဲဖော်နဲ့သွားရင်တော့ ဒီလိုခံစားမှုမျိုးမဖြစ်ပါဘူးတဲ့။

သင်ဟာ အခက်အခဲကြုံလာရင်လည်း သူငယ်ချင်းတွေအကြံပေးတာကို ပိုယုံတတ်ကြပါတယ်။ ဒီအချက်တွေက သင်ဟာ ရည်းစားထက် သူငယ်ချင်းကို ပိုလိုအပ်တယ်ဆိုတာ ပြသနေတာပါ။

Brightside.me

ဒါကြောင့် သင်ဟာ ရည်းစားထက် သူငယ်ချင်းကိုပိုလိုအပ်တယ်ဆိုတာ သူတို့သိဖို့ Share ပေးပါဦး။

Source: Pinterest