အကြောပြတ်တာက လူကြီး လူငယ်မရွေးဖြစ်နိုင်ပါတယ်။ တကယ်တော့ အကြောပြတ်တယ်ဆိုတာက အရေပြားမှာ ပေါ်လာတဲ့ အမာရွတ်တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ကြောင့် ၊ ကိုယ်အလေးချိန် အတက်အကျကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြတ်နိုင်ပါတယ်။ ဒီလိုအကြောပြတ်တာကို လုံးဝပျောက်သွားအောင် လုပ်လို့မရပေမယ့် သက်သာအောင်တော့ လုပ်လို့ရပါတယ်။

ရေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေကို သောက်ပေးလို့ ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့အပြင် အကြောပြတ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေကို ပုံမှန်ဂရုစိုက်တာက အကြောပြတ်ရာတွေကို သက်သာစေတာမလို့ အသားအရေကို နုပျိုစေဖို့ moisturizer or body oil လိမ်းပေးပါ။ ဒါမှ အသားအရေဟာ ချောမွေ့ပြီး ရေဓာတ်ပြည့်ဝလာတဲ့အခါ အကြောပြတ်နိုင်ချေက နည်းလာပါတယ်။

ရုတ်တရက်ကိုယ်အလေးချိန် တက်တာ ကျတာတွေကလည်း အကြောပြတ်တာကို ဖြစ်စေနိုင်တာမလို့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းနိုင်ဖို့ ကြိုးစားပါ။

အရေပြားကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်-D ကို နေရောင်ခြည်ကနေ ရနိုင်ပါတယ်။ ဒါကြောင့် နေရာင်နဲမကြာမကြာထိတွေ့ပေးပါ။ တစ်ခုသတိထားရမှာက နေရောင်ခြည်ကို အလွန်အကျွံ ထိတွေ့မိရင်လည်း အသားနေလောင်တာမျိုး ဖြစ်တတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်နဲ့ ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ထိန်းသိမ်းဖို့လည်း အထောက်အကူဖြစ်တာမလို့ ကျန်းမာတဲ့အသားအရေကို ရစေပါတယ်။

နေ့တိုင်းစားတဲ့အစားစာတွေထဲမှာ Omega-3 ကောင်းကောင်းရဖို့အတွက် ဆော်လမွန်၊ သစ်ကြားသီး၊ chiaစေ့၊ နှမ်းစေ့၊ ပဲပိစပ် စတာတွေကို များများစားပေးပါ။

ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးတာကလည်း အကြောပြတ်ရာတွေကို လျှော့ချပေးနိုင်ပြီး ကျန်းမာတဲ့အသားအရေကို ရရှိစေပါတယ်။