ပျိုမေတို့မင်္ဂလာပါနော်။ Sunscreen က အချိန်မရွေး အသက်အရွယ်မရွေးလိမ်းပေးသင့်တဲ့ Skincare အဆင့်ဖြစ်ပြီး အခုလို နေပြင်းပြီး ခြောက်သွေ့တဲ့ရာသီတွေမှာ ပိုလိုအပ်ပါတယ်။ သင့်အနေနဲ့ အိမ်မှာနေရင်းလည်း လိမ်းထားဖို့လိုသလို နေပူထဲထွက်ရတဲ့အချိန်တွေမှာဆိုရင် နာရီအနည်းငယ်ခြားပြီး ထပ်လိမ်းတာမျိုးပါ ပြုလုပ်ပေးသင့်ပါတယ်။


Sunscreen တွေမှာ မိတ်ကပ်သားပါတဲ့ Tone Up နဲ့ အခြား Gel ၊ Cream ၊ Essence ၊ Spray စတဲ့ပုံစံမျိုးရှိတာမို့ လိမ်းတဲ့အခါ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး ထိထိရောက်ရောက် ကာကွယ်မှုပေးနိုင်တဲ့ Sunscreen ပုံစံတွေကို ရွေးချယ်အသုံးပြုပေးပါ။ ဒီတစ်ခေါက်မှာ ပျိုမေတို့ရွေးချယ်နိုင်ဖို့ ဈေးကွက်ထဲ အသုံးများတဲ့ Sunscreen တွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

Biore UV Aqua Rich Watery Sunscreen SPF 50 + / PA ++++


Biore က မိတ်ကပ်သားမပါဘဲ ထသွားထလာလိမ်းချင်သူတွေအတွက် စိမ့်ဝင်အားကောင်းပြီး ပေ့ါပေ့ါပါးပါးနဲ့ လိမ်းထားမှန်းမသိသာတဲ့ Sunscreen တစ်မျိုးပါ။ Waterproof ဖြစ်ပြီး Sensitive မဖြစ်တဲ့ ပုံမှန်အသားအရေတွေနဲ့ အရမ်းအဆင်ပြေပါတယ်။ Hyaluronic Acid ပါဝင်တာကြောင့် အသားအရေအစိုဓာတ်ဖြည့်ပြီးသားလည်း ဖြစ်စေမှာပါ။

ESPOIR Water Splash Sun Cream Fresh SPF50+ PA+++


ပေါ့ပေါ့ပါးပါးနဲ့စေးကပ်မှုမရှိတဲ့ Sunscreen တစ်မျိုးဖြစ်ပြီး မျက်နှာကို အစိုဓာတ်ရပြီး လန်းလန်းဆန်းဆန်းဖြစ်စေတာကြောင့် အိမ်မှာနေရင်းလိမ်းဖို့အတွက် အဆင်ပြေပါတယ်။ မျက်နှာအရေးအကြောင်း၊ နေလောင်ကွက်နဲ့ အသားနီမြန်းခြင်းတွေကိုသက်သာစေတဲ့ SPF နဲ့ PA ပါဝင်မှုပမာဏလည်းများပြီး Skin Type တော်တော်များများအတွက်ပါ သုံးလို့ရတဲ့ပစ္စည်းတစ်ခုပါ။

ANESSA Perfect UV Skincare Milk

ဂျပန်နိုင်ငံထုတ် ANESSA Sunscreen က ဂျပန်မှာရောင်းအားအမြင့်ဆုံး Sunscreen တံဆိပ်တစ်ခုဖြစ်ပြီး အာရှနိုင်ငံတွေမှာလည်း အသုံးများပါတယ်။ စိမ့်ဝင်အားကောင်းပြီး ကြာရှည်ခံစေမယ့်အာနိသင်ပါဝင်တဲ့အပြင် Sensitive အသားအရေတွေအတွက်ပါအသုံးပြုနိုင်ပါတယ်။ လိမ်းထားပြီးနောက်မှာလည်း ချောမွေ့ပြီး မျက်နှာကို အိအိလေးဖြစ်နေစေမှာပါ။

Missha All Around Safe Block Soft Finish Sun Milk

ဒီ Missha ရဲ့ Sunscreen က လိမ်းပြီးတဲ့နောက် အသားအရေကို နို့နှစ်ရောင်လေးသမ်းကာ ချောမွတ်စေပြီး အဆီပြန်ခြင်းသက်သာစေတာကြောင့် Oily Skin ရှိသူတွေအတွက်သင့်တော်ပါတယ်။ ပုံမှန်သုံးနိုင်ပြီး မျက်ကွင်းညိုတာနဲ့ အသားအရောင်မညီတဲ့နေရာတွေ မသိသာအောင်ဖုံးပေးနိုင်ပါလိမ့်မယ်။

Innisfree Daily UV Defense Sunscreen SPF


Sensitive Skin အတွက်အရမ်းသင့်တော်ပြီး သူ့မှာပါတဲ့ Green Tea နဲ့ Cica တို့ရဲ့အာနိသင်က နေလောင်ကွက်နဲ့ အသားနီမြန်းခြင်းတွေကို အချိန်တိုအတွင်းသက်သာစေသလို အသားအရေကိုလည်း စိုပြေလာစေမှာပါ။

COSRX Aloe Soothing Sun Cream SPF50 PA+++


ကိုးရီးယားနိုင်ငံရဲ့ Skincare Brand တစ်ခုဖြစ်တဲ့ COSRX Aloe Soothing Sun Cream မှာ အသားအေးစေတဲ့ ရှားစောင်းလက်ပတ်ဓာတ်ပါဝင်ပြီး PA ပါဝင်မှုလည်းများတာကြောင့် အမဲစက်နဲ့ နေလောင်ကွက်တွေဖြစ်စေတဲ့ နေရောင်ခြည်က UVA Rays တွေကို ထိထိရောက်ရောက် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar