ဆံသားမပျက်စီးအောင်၊ ဆံကေသာကောင်းအောင် ပုံမှန်ဂရုစိုက်ပြီး လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ပုံမှန်ခေါင်းလျှော်ပါ

ဆံပင်ကို ၅ ရက် တစ်ခါ (သို့) ၄ ရက် တစ်ခါ ခေါင်းလျှော်ပေးပါ။

Chemical Free Shampoo

ခေါင်းလျှော်တဲ့အခါမှာ Chemical Free Shampoo ကို သုံးပေးပါ။ ကိုယ့်ဆံသားနဲ့အဆင်ပြေမယ့် နူးညံ့တဲ့ Shampoo ကို ရွေးသုံးပေးပါ။

ဆံပင်ကိုသဘာဝအတိုင်းအခြောက်ခံပါ

ခေါင်းလျှော်ပြီးရင် ဆံပင်ကို Dryer နဲ့မမှုတ်ပဲ ဒီတိုင်း Towel နဲ့သုတ်ပြီး အခြောက်ခံပါ။ ဒီလိုလုပ်ပေးခြင်းက သိသိသာသာကို ဆံသားပျက်စီးတာ သက်သာလာစေပါတယ်။ ဆံသားလည်းပိုပြီး Healthy ဖြစ်လာပါတယ်။

ဆံပင်ကိုအဆီလိမ်းပေးပါ

ခေါင်းလျှော်ပြီးတိုင်းမှာ ဆံပင်ကိုအဆီလိမ်းပေးပါ။ နောက်နေ့တွေမှာလည်း တစ်နေ့ကို တစ်ကြိမ်လောက်တော့ ဆံပင်အောက်ဖျားကို အဆီလိမ်းပေးပါ။

ဆံပင်ပေါင်းတင်ပေးပါ

ဆိုင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် တစ်ပတ်တစ်ခါ (သို့) ၂ ပတ် တစ်ခါလောက် ဆံပင်ပေါင်းတင်တာမျိုး ပုံမှန်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားသိသိသာသာ ကောင်းမွန်လာစေပါတယ်။ ဆံပင်ဖွာတာလည်း သက်သာစေပါတယ်။

ရေများများသောက်ပါ

ဆံသားကောင်းပြီး Healthy Hair ဖြစ်လာစေဖို့၊ ဆံသားမွဲခြောက်ခြောက်ကြီးမဖြစ်ဖို့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။

အစားအသောက်

ဆံသားကောင်းဖို့အတွက် Healthy Hair ကိုပိုင်ဆိုင်ဖို့အတွက အစားအသောက်ကလည်း အရေးကြီးပါတယ်။ ရှောင်သင့်တာရှောင်ပြီး စာသင့်တာကို များများစားရပါမယ်။ ကြက်ဥ၊ ဘယ်ရီသီး၊ ငါး၊ အစိမ်းရှိတဲ့ ဟင်းသီးဟင်းရွက်၊ ကန်စွန်းဥနဲ့ Nuts တွေကို များများစားပေးပါ။ ခေါက်ဆွဲခြောက်တွေစားရင် ဆံပင်အရမ်းကျွတ်တဲ့အတွက် ရှောင်သင့်ပါတယ်။