ရုပ်လှရုံနဲ့ အကုန် အဆင်ပြေတာမဟုတ်ကြောင်း သက်သေ သာဓက များစွာရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ရုပ်ကြည့်ကောင်းနေရင် ဘယ်အရာမဆို လွယ်လွယ်လေးနဲ့ ရနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ရုပ်တစ်ခုတည်းနဲ့ ကိုယ်လိုချင်တာကို ရအောင် မလုပ်နိုင်ပါဘူး။ ဘဝမှာ ကိုယ်လိုချင်တာရဖို့ အပတ်တကုတ် ကြိုးစားရတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ရုပ်မချောတဲ့ သူတွေအတွက် ကမ္ဘာကြီးက အဲ့လောက်ထိ မတရားတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ရည်တစ်ခုတည်းနဲ့ မအောင်မြင်နိုင်ကြောင်း အောက် ဖော်ပြပါ သက်သေတွေ ရှိနေလို့ပါ။

၁။ အတည်တကျ အလုပ်

အင်တာဗျူးမေးတဲ့သူက ရုပ်ကြည့်ပြီး ရွေးတယ်ဆိုရင်တောင် ဒီရွေးခံရသူက အလုပ်ကို တာဝန်ကျေအောင် မလုပ်ရင် အလုပ်ပြုတ်နိုင်ပါတယ်။ အလုပ်ခွင်တစ်ခုမှာ အချိန်တန်ရင် ရုပ်ရည်ထက် စကားပြောလာတာက ဒီလူရဲ့ လုပ်ရည်ကိုင်ရည်ပါ။

၂။ လေးစားမှု

အမျိုးသားတွေက လှတဲ့ အမျိုးသမီးတွေ အပေါ် သဘောကောင်းနိုင်ပေမယ့် လေးစားမှုတော့ ရှိချင်မှ ရှိတာပါ။ သင့်အနေနဲ့ လေးစားမှုကိုရဖို့ ကိုယ်တိုင်က တခြားသူကို လေးစားမှ ရတာပါ။ ရုပ်ချောပြီး တခြားသူကို မလေးမစားဆက်ဆံရင် လူကြားထဲ အတင်းပြောခံရမှာ မလွဲမသွေပါပဲ။

၃။ စစ်မှန်တဲ့ အချစ်ရေး

လှတဲ့ မိန်းကလေးတွေက အချစ်ရေးနဲ့ ပတ်သက်ရင် ပိုသတိထားရပါတယ်​။ ဘာလို့လဲဆိုတော့ ရုပ်ချောတဲ့ မိန်းကလေးတွေကို ယောကျာ်းတွေက ရုပ်လှတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ လာကပ်ကြလို့ပါ။ အချစ်ရေးတည်တံ့ဖို့ ရေရှည်မှာ လိုအပ်လာတာက ရုပ်ရည်ထက် စိတ်နေစိတ်ထားပါ။

၄။ စိတ်ရင်းမှန်တဲ့ သူငယ်ချင်း

သင့်သူငယ်ချင်းတွေက မိတ်ဆွေစစ်ဆိုရင် သင့်ရုပ်ကြည့်ပြီး ပေါင်းတာမဟုတ်ပါဘူး။ သင့်စိတ်ရင်းကို ပေါင်းတာပါ။

၅။ အသက်ရှည်မယ်

Genetics ကံကောင်းလို့ ဘာစားစား မဝတဲ့ မိန်းကလေး ချောချောလေးတွေလည်း အားကစား မလုပ်၊ အစားအသောက် မရှောင်၊ ကျန်းမာရေးကို ဂရုမစိုက်ရင် အသက်ရှည်မှာ မဟုတ်ပါဘူး။ ရုပ်ချောချော မချောချော ကိုယ့်ဘာကိုယ် ဂရုစိုက်မှ ကျန်းမာမှာပါ။

၆။ ပျော်ရွှင်မှုအစစ်အမှန်

ရုပ်ချောတဲ့သူပဲ ဖြစ်ဖြစ် ရုပ်မချောတဲ့သူပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရဖို့ ကိုယ်တိုင် ကြိုးစားမှ ရမှာပါ။

Photo Source: Pinterest

By MyStyle Myanmar