အားလုံးပဲ မင်္ဂလာပါ။ အချိန်လုပြီး အလှပြင်ရတဲ့ အခိုက်အတန့် ပျိုမေလေးတွေဆီမှာ ရှိကြမှာပါနော်။
လက်သည်းနီဆိုးတဲ့အခါမှာလည်း လက်သည်းနီမခြောက်သေးလို့ ဘာမှလုပ်လို့မရတဲ့အခိုက်အတန့်၊ မာစကာရာဆိုးမိတဲ့အခါ မျက်ဝန်းနားတစ်ဝိုက် ပေကျံကုန်တဲ့အခါ ခံစားရခက်တဲ့ ဖီလင်မျိုးလေး ခံစားဖူးမှာပါ။
အဲ့ဒါကြောင့် ပျိုမေလေးတွေကို လှသထက်လှလာအောင် ကူညီပေးနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ ဖြတ်လမ်းနည်းတွေကို ဝေမျှပေးလိုက်တယ်နော်။
လက်သည်းနီဆိုးတာ မြန်မြန်ခြောက်ချင်တဲ့အခါ
လက်သည်းနီဆိုးပြီးသွားတာနဲ့ ရေခဲရေထည့်ထားတဲ့ ရေခွက်ထဲသို့ လက်ချောင်းလေးတွေကို တစ်မိနစ်ခန့် စိမ်ထားလိုက်ပါ။ လက်သည်းနီ မြန်မြန်ခြောက်သွားပါလိမ့်မယ်။
လက်သည်းနီဆိုးတဲ့အခါ ပေကျံမနေဖို့
လက်သည်းနီမဆိုးခင်မှာ လက်သည်းခွံတွေပေါ်ကို သံလွင်ဆီလေး လိမ်းပေးလိုက်ပါ။ လက်သည်းနားတစ်ဝိုက်မှာ ပေကျံနေတဲ့ လက်သည်းနီတွေကို အလွယ်တကူပြန်ဖျက်လို့ရပါတယ်။
လက်သည်းနီအဟောင်းပြန်ဖျက်ပြီး လက်သည်းနီအသစ်ထပ်ဆိုးဖို့ အချိန်မရတဲ့အခါ
အလက်လက်လေးတွေကို လက်သည်းနီအဟောင်းပေါ် နေရာချပြီး လက်သည်းအကြည်ရောင်လေး ထပ်ဆိုးပေးလိုက်ပါ။ ဒါဆိုရင် လက်သည်းနီအဟောင်းကို ပြန်ဖျက်စရာမလိုဘဲ လှပတဲ့ လက်သည်းနီဒီဇိုင်းလေးရရှိသွားပါပြီ။
ဆံပင်တွေ မညှိအောင်၊ မရှုပ်ထွေးရအောင်လို့
ခေါင်းလျှော်ပြီးသွားရင် Conditioner လေး သုံးဖို့ မမေ့ပါနဲ့။ ပြီးရင် ရေစိုနေတဲ့ ဆံပင်ကို ဘီးနဲ့ မဖြီးဘဲ သူ့ဘာသာအခြောက်ခံပေးလိုက်ပါ။
ဆံပင်အုံထူတဲ့ ပုံပေါက်အောင် ဆံပင်လေမှုတ်စက်နဲ့ အခုလိုမှုတ်ပေးပါ။
ပုဝါနဲ့ ခေါင်းခြောက်အောင် သုတ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမသုတ်သင့်သလို၊ ဆံပင်သုတ်နေတဲ့အချိန်မှာလည်း ဆံပင်ကိုလည်း မလိမ်ရဘူးနော်။ ဆံပင် ပျက်စီးသွားမှာစိုးလို့ပါ။ ဖြစ်နိုင်မယ်ဆိုရင် တီရှပ်အဟောင်းတစ်ထည်နဲ့ ဆံပင်တွေကို သုတ်ပေးပါ။
သဘာဝ မျက်လုံးမိတ်ကပ်ဖျက်ဆေး
မျက်လုံး လိုင်နာဆိုးထားတဲ့အခါ၊ မာစကာရာဆိုးထားတဲ့အခါ သံလွင်ဆီလေးကို ဂွမ်းစပေါ်မှာ ဆွတ်ပေးလိုက်ပြီး မျက်ခွံပေါ် ညင်ညင်သာသာ သုတ်ပေးလိုက်ပါ။ ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်မိဖို့ လိုမယ်နော်။
မာစကာရာဆိုးတဲ့အခါ
ကတ်ထူစာရွက်လေးနဲ့ ဖြစ်ဖြစ်၊ စက္ကူစလေးနဲ့ ဖြစ်ဖြစ် ပုံမှာ ပြထားသလိုလေး ဆိုးပေးလိုက်ပါ။ ဒါမှ မျက်လုံးနားတစ်ဝိုက် မပေကျံတော့ဘဲ လှပသွားမှာပါ။
Source: Brightside.me