သင်လုပ်တဲ့ အရာ၊ အပြုအမူတွေက တစ်ချိန်ချိန် စကားပြောလာမှာပါ။ ဥပမာ- ငယ်စဉ်တည်းက လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် အသက်ကြီးလာရင် အထောက်အကူဖြစ်မှာပါ။ ပျင်းနေတဲ့အချိန်မှာတောင် ပိုလှအောင် လုပ်နိုင်မယ့်၊ ဘဝ ပိုတိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ သင်က ဒီနည်းလမ်းတွေကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်။

၁။ လမ်းလျှောက်ပါ

သင်က ပျင်းတဲ့အချိန် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နိုင်ပါတယ်။ လမ်းလျှောက်ရင် လှုပ်လှုပ်ရှားရှား နေသလို ဖြစ်ကာ ဝိတ်ပါ ကျစေနိုင်ပါတယ်။ လမ်းလျှောက်တာက အပျင်းပြေစေပါတယ်။

၂။ Face Mask အသစ်တစ်ခုကို စမ်းသုံးကြည့်ပါ

သင်က ပျင်းနေတယ်ဆိုရင် အလှအပကို ဂရုစိုက်နိုင်ပါတယ်။ ထူးထူးဆန်းဆန်းလေး ဖြစ်သွားအောင် တစ်ခါမှ မကပ်ဖူးတဲ့ Face Mask တံဆိပ်အသစ်ကို သုံးကြည့်နိုင်ပါတယ်။ ဒီလိုဆို အပြောင်းအလဲဖြစ်ကာ ပိုတောင် လှလာပါဦးမယ်။

၃။ Bullet Journal ရေးကြည့်ပါ

Bullet Journal မှာ To do List ရေးနိုင်သလို၊ ပြက္ခဒိန်ပါ လုပ်နိုင်ပါတယ်။ ဒိုင်ယာရီ ရေးနိုင်သလို ပန်းတိုင်တွေကိုပါ Bullet Journal မှာ ရေးနိုင်ပါတယ်။

၄။ ဈေးဝယ်ထွက်ပါ

ဈေးထဲ သွားကာ အသီးအရွက် ထွက်ဝယ်တာက အပြင်ထွက်ချင်သူတွေနဲ့ သင့်တော်ပါတယ်။ အသီးအရွက်တွေက သင့်ကို ပိုကျန်းမာစေကာ ပိုစိတ်ချမ်းသာစေနိုင်ပါတယ်။

၅။ လက်သည်းနီဆိုးပါ

လက်သည်းနီဆိုးပြီးနောက် သင်အရင် ထက် သင့်ကိုယ်သင် ယုံကြည်မှု ရှိလာပါလိမ့်မယ်။ ဒီခံစားချက်ကို လက်သည်းနီ လှလှလေး ဆိုးပြီးနောက် သင်ချက်ချင်း ခံစားရပါလိမ့်မယ်။

၆။ စာအုပ်ဖတ်ပါ

ပျင်းတဲ့ အချိန် စာအုပ်ဖတ်မယ်ဆိုရင်တော့ သင့်အသိပညာ၊ ဗဟုသုတက အရင်ထက် ကျယ်ပြန့်လာမှာ မလွဲမသွေပါပဲ။

၇။ Yoga ကျင့်ပါ

သင်က တစ်ယောက်တည်း ပျင်းတဲ့အချိန် တောင့်တင်းနေတဲ့ အကြောတွေ ပြေအောင် အကြောလျှော့တာ၊ ယောဂ ကျင့်တာတွေ လုပ်နိုင်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

၈။ Room Makeover လုပ်ပါ

အခန်းကို ပိုလှအောင် အလှဆင်ခြင်းကို ပျင်းတဲ့အချိန် လုပ်နိုင်ပါတယ်။ ပစ္စည်း ဝယ်ဖို့ ငွေမသုံးချင်ရင် အခန်းရှင်းနိုင်ပါတယ်။

၉။ စက်ဘီးစီးပါ

ပျင်းတဲ့အချိန် စက်ဘီးစီးတာက စိတ်ထွက်ပေါက်ရစေနိုင်သလို လှုပ်လှုပ်ရှားရှားနေရာလည်း ရောက်ပါတယ်။

၁၀။ ပန်းချီဆွဲပါ

အရောင်တွေက သင့်စိတ်ကို ပေါ့ပါး ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလို တစ်ခုခု ဖန်တီးနေတာက သင့်အာရုံစိုက်အားကို ပိုတိုးစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar