ဆံပင်အရှည်ထားတာများလွယ်တာမှတ်လို့နော်။ ကြည့်လိုက်ရင် လှတယ်လို့ ထင်ရပေမယ့် သူတို့လေးတွေ ရင်ဆိုင်နေရတဲ့ပြဿနာ အခက်အခဲတချို့ကို သာ သင်သိရင် စာနာမိမှာအမှန်ပါပဲ။

၁။ ဆံပင်ကျွတ်တယ်

ခေါင်းတခါဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်ကျွတ်လာတယ်လေ။  အဲဒါကြောင့် အရမ်းစိတ်ညစ်ရတယ်။

၂။ ရေချိုးရင်လည်း သတိထားရသေးတယ်

ရေချိုးရင် ရေဆင်းတဲ့အပေါက်ပိတ်ပိတ်သွားတတ်လို့ ခဏခဏရှင်းရတာလည်း အမောပါပဲ။

၃။ နွေရာသီဆိုရင်လေ ဆံပင်အမြဲစည်းထားရတယ်

နွေရာသီဆို ဂုတ်နားမှာ ဆံပင်တွေ ယားကျိကျိနဲ့ ပူလွန်းလို့ မစည်းချင်ပေမယ့် ဆံပင်ကို စည်းစည်းထားရတာ။

၄။ ခေါင်းလျှော်ပြီးရင် ခြောက်အောင်လုပ်ရတာ အမော

ဆံပင်တိုတဲ့သူလို့ ခဏလေးနဲ့လေမှုတ်ရင်လည်းမခြောက်ဘူးဆိုတော့ ခေါင်းလျှော်ပြီးရင် ဆံပင်ခြောက်အောင်မှုတ်ဖို့က နာရီဝက်အသာလေးပဲ။

၅။ တစ်ခုခုစားရင်လည်း သတိထားရတယ်

ရေခဲမှုန့်တို့လို အစားအစာတွေစားရင် ဆံပင်မှာမကပ်အောင် သတိထားပြီးစားရတယ်လေ။ လေတိုက်လိုက်ရင်တော့ သေပြီပဲ။

၆။ မီးတို့ ဖယောင်းတိုင်တို့ဆိုတာ ကိုယ့်ရန်သူပါ

ဆံပင်ရှည်ထားတဲ့သူတွေအနေနဲ့ မီးတို့ ဖယောင်းတိုင်တို့ဆို ဝေါင်ဝေါင်ရှေးပဲ။

၇။ ခေါင်းစည်းကြိုးက ခဏခဏပြတ်တာ

ဆံပင်ရှည်တဲ့သူ ရှည်တဲ့သူကိုမှ ဆံပင်ထူတဲ့သူဆိုရင် ခေါင်းစည်းကြိုး ခဏခဏ ပြတ်တတ်လို့ စိတ်ညစ်ရတယ်လေ။ တခါတလေ စည်းပြီး ဘယ်နားထားမိမှန်းမသိဘူး။

၈။ ဆံပင်စည်းရတာလည်း သိပ်မလွယ်ဘူး

တခါတလေ ဆံပင်စည်းလိုက်ရင် ချက်ချင်းပုံကမကျလို့ ခဏခဏဆိုသလို ဆံပင်ကို ပြန်ပြန်စည်းနေရတာ ဆံပင်ရှည်တဲ့သူအချင်းချင်းပဲသိတယ်။

၉။ လေတိုက်တာကိုဆို မုန်းတာ

လေတိုက်ရင် ဆံပင်တွေ ပွရှုပ်ကုန်လို့ စိတ်ညစ်ရတာ ဘယ်သူသိမလဲ။

၁၀။ ကျစ်ဆံမြီးကျစ်တာတို့ ဆံပင်စည်းတာတို့လုပ်ရင် လက်ကိုညောင်းနေတာပဲ

တခါတလေ ပဲများချင်လို့ပဲဖြစ်ဖြစ်၊ ဆံပင်ရှုပ်လို့ပဲဖြစ်ဖြစ် ကျစ်ဆံမြီးကျစ်တာ၊ ဆံပင်စည်းတာတို့များလုပ်လိုက်ရင်လေ လက်ကတော်တော်ညောင်းတာ။

သင့်သူငယ်ချင်းတွေထဲက ဆံပင်ရှည်ရှည်နဲ့သူတွေများရှိရင် mention လေးတွေခေါ်လိုက်ဦးနော်။ ဆံပင်ရှည်တဲ့စာဖတ်သူတွေဆိုရင်လည်း ကိုယ့်အခက်အခဲလေးတွေကို မျှဝေပေးခဲ့ပါဦး။

ချစ်သူကောင်မလေးဆိုရင်လည်း ဒီလိုအခက်အခဲလေးတွေကိုနားလည်ပြီး ဆံပင်ရှည်ထားဖို့ ဖိအားမပေးပါနဲ့လို့ တောင်းဆိုလိုက်ပါတယ်နော်။ စာဖတ်သူတို့အားလုံး ဘဝအမောတွေပြေပါစေရှင်။