အိမ်ထောင်ပြုပြီးရင် အရာအားလုံးနီးပါးဟာ ပြောင်းလဲသွားကြပါတယ်။ သင့်ဘဝထဲဝင်လာတဲ့ လူသစ်တစ်ယောက်နဲ့ တစ်ယောက်ရဲ့အကြိုက်တွေ အကျင့်တွေ နေထိုင်မှုပုံစံတွေကို ချိန်ညှိပြီး အပေးအယူလုပ် ညှိပြီး နေထိုင်ရတော့တာပါ။ ဒီလိုလူနှစ်ယောက်ပေါင်းဖက်တဲ့ အိမ်ထောင်တစ်ခုရဲ့ ပထမနှစ်ဟာ စုံတွဲအများစုအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ အိမ်ထောင်ရေး ပထမနှစ်မှာ ကြုံတွေ့ရတဲ့ ပြဿနာအမျိုးမျိုးက ဘာတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

Identity Crisis

အိမ်ထောင်ကျသွားတဲ့အခါ အထူးသဖြင့် မိန်းကလေးတွေမှာ အပြောင်းအလဲကို ပိုသိသိသာသာ ခံစားရတတ်ပါတယ်။ တစ်ကိုယ်ရည်ကနေ နှစ်ယောက်ဖြစ်သွားတဲ့အခါ မိသားစုနဲ့ အလုပ်ကြား မျှတအောင်လုပ်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါကိုပြေလည်အောင်ဖြေရှင်းဖို့ဆို တည်ဆောက်ထားတဲ့အိမ်ထောင်ရေးနဲ့ အိမ်ထောင်ဖက်က အကျပ်အတည်းကို ကျော်လွှားဖို့ ကူညီပေးနိုင်မှာပါ။

လွတ်လပ်မှုဆုံးရှုံးတာ

ငွေရေးကြေးရေးရော လူမှုရေးအရရော ဘယ်သူ့ကိုမှ ပြောစရာလိုဘဲ ကိုယ့်ဆန္ဒအတိုင်း လုပ်ချင်တာကို လုပ်ခွင့်ရတဲ့ လွတ်လပ်မှုဟာ အိမ်ထောင်ကျပြီးပြီးချင်းမှာ ပြောင်းလဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ဖက်နဲ့အတူ အိမ်တစ်ခုကို လည်ပတ်နေတာကြောင့်မလို့ပါ။ အိမ်ထောင်စုဘဏ္ဍာကို စီမံခန့်ခွဲတာကစလို့ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်တဲ့အထိက အရာအားလုံးမှာ နှစ်ယောက်လုံးအတွက် ညီတူညီမျှတာဝန်ရှိပါတယ်။

ပဋိပက္ခများ

ရည်းစားထားတဲ့ကာလတွေက သင်တို့နှစ်ယောက်စလုံးအတွက် ကိုယ်ပိုင်အချိန်ဆိုတာ ရှိပါသေးတယ်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးရင်တော့ သင့်ရဲ့ကျန်တဲ့ဘဝကို တူညီတဲ့အမိုးအောက်မှာ အိမ်ထောင်ဘက်နဲ့အတူ အချိန်တော်တော်များများကို ဖြတ်သန်းရတော့မှာပါ။ အတူရှိချိန်တွေမှာ ဘယ်လောက်ဘဲညှိနှိုင်းမှုတွေ ရှိပါစေ သဘောထားကွဲလွဲမှုတွေ ပဋိပက္ခတွေကို ကြုံတွေ့ရနိုင်ပါတယ်။

အနာဂတ်ကိုကြောက်လာတာ

ဒဏ္ဍာရီပုံပြင်အများစုမှာ မင်းသားနဲ့မင်းသမီးလက်ထပ်ပြီးရင် ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် အိမ်ထောင်ရေးဆိုတာက ဒဏ္ဍာရီပုံပြင်မဟုတ်ပါဘူး။ သင့်ရဲ့ဆုံးဖြတ်ချက်အားလုံးအပေါ်မှာ မူတည်တာမလို့ ပြသာနာတွေအပေါ် ကိုင်ကွယ်ဖြေရှင်းနိုင်မှုက သင့်အိမ်ထောင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။

ငွေကြေးကိစ္စများ

ငွေကြေးကိစ္စဆိုတာ အိမ်ထောင်ရေးအတွက် အဓိကကျတဲ့အရာတွေထဲက တစ်ခုပါ။ ငွေကြေးသုံးစွဲမှုအလေ့အထကိုပြောင်းလဲတာမျိုး ၊ ငွေစုတာမျိုးက သင့်ယူဆချက်အတိုင်း သင့်လက်တွဲဖော်လက်ခံဖို့က မရှိမဖြစ်လိုအပ်ပါတယ်။