အသားအရေလှပတာကို လိုချင်တဲ့သူတွေအတွက် Victoria Beckham ရဲ့ Facialist ဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း အသားအရေထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူ Melanie Grant ပြောပြတဲ့ စည်းမျဉ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

အသားအရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Exfoliant ကိုရွေးပါ

ကျန်းမာတဲ့ အသားအရေအတွက် နံပါတ်တစ် စည်းမျဉ်းကတော့ အသားအရေအမျိုးအစားအလိုက် ကုသဖို့ပါပဲ။ ကျန်းမာတဲ့အသားအရေကို ထိန်းသိမ်းဖို့အတွက် တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ် ပုံမှန် Exfoliation လုပ်တာဟာ မရှိမဖြစ်လိုအပ်ပါတယ်။

Products တွေ အစုံလျှောက်မသုံးပါနဲ့

Cosmetics တွေ အစုံလျှောက်သုံးတာက ပါဝင်ပစ္စည်းအချင်းချင်း ဓာတ်မတည့်တဲ့အခါ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို ခံနိုင်ရည်ရှိအောင် ဖြည်းဖြည်းချင်း ထိန်းထားနိုင်စေဖို့ Sample Size Or Travel Size လေးတွေ အရင်စမ်းသုံးကြည့်ပါ။ ကိုယ့်အသားအရေနဲ့ တည့်မတည့်ကို လည်ပင်းမှာ အရင်စမ်းလိမ်းကြည့်ပါ။

SPF ကို မမေ့ပါနဲ့

အဓိကကျတဲ့နောက်တစ်ချက်က SPF ကိုနေ့တိုင်း နွေရာသီနဲ့ ဆောင်းရာသီတွေမှာ သုံးဖို့ အရေးကြီးတာပါ ။ အပြင်မထွက်ခင် 15 မိနစ်ကနေ 20 မိနစ်လောက် ကြိုလိမ်းပြီး နေ့ခင်းဘက်မှာ ထပ်လိမ်းပါ။

သခွားသီး ကပ်ပေးပါ

မျက်ကွင်းညိုတာကို သက်သာစေတဲ့ သခွားသီးက ရယ်စရာမဟုတ်ပါဘူး။ ရေခဲသေတ္တာထဲက သခွားသီးအလတ်စား အချပ်လေးတွေကို မျက်လုံးတစ်ဝိုက်မှာ ကပ်ထားပေးတာက အပန်းဖြေအနားယူချိန်ကိုလည်း ရသလို ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးပါတယ်။ အနည်းဆုံး 10 မိနစ်လောက်ထားထားလိုက်ပါ။