ဘောလိဝုဒ်ရုပ်ရှင်ချစ်သူတို့ရဲ့ အသည်းစွဲ မင်းသမီးလေး Chopra ဟာ သူ့ရဲ့ အလှအပ အရည်အချင်းတွေကြောင့်လည်း လူသိများပါတယ်။

သူဟာ Miss World ဆုကို ၂၀၀၀ ပြည့်နှစ်က ဆွတ်ခူးရရှိဖူးသူဖြစ်ပြီး သိပ်ကို ဆွဲဆောင်မှုရှိသူလည်းဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က မွေးဖွားခဲ့ပြီးတော့ အခုဆိုရင် အသက်က ၃၇ နှစ်ရှိနေပါပြီ။ သူ့ရဲ့ အလှအပ လျှို့ဝှက်ချက်ကို ဒီနေ့ ပြောပြမယ်နော်။

နှုတ်ခမ်း

နှုတ်ခမ်းကို ဆား၊ Glycerin အရည် အနည်းငယ်၊ နှင်းဆီစိမ်ထားတဲ့အရည် (Rose Water) အနည်းငယ်ကိုထည့်ပြီး နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။

သံပုရာရည်လည်းအနည်းငယ်ထည့်လို့ရပါတယ်တဲံ။ ဒါမှမဟုတ်လည်း ဆားနဲ့ သံပုရာရည်နဲ့ပဲ ထည့်ပြီး နှုတ်ခမ်းကို ချေးချွတ်ပေးလို့ရပါတယ်။

အသားအရေ

အသားအရေအတွက် ပဲမှုန့်တစ်ခါက်ကို သံပုရာရည်အနည်းငယ် ဒိန်ချဉ်နဲ့ရောလိုက်ပါ။

ပြီးရင် ရှင်မတောင်သနပ်ခါးမှုန့်အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ် ထပ်ရောပါ။ ပြီးရင် နွားနို့ထည့်ပါ။ အဲဒီနောက် ခန္ဓာကိုယ်တစ်ခုလုံးကိုလိမ်းပေးပြီး ပွတ်တိုက်ပေးပါ။ ခြောက်အောင်ထားပါ။ ပြီးရင် ရေချိုးပါ။

ဆံပင်

Chopra ကိုကြည့်လိုက်ရင် ဆံပင်က နက်မှောင်ပြီး ထူထူလေးရှိပါတယ်။ ဒိန်ချဉ်တစ်ခွက်၊ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကြက်ဥတစ်လုံးရောပြီး ဆံပင်ကို ပေါင်းတင်ပါတယ်တဲ့။ မိနစ် ၃၀ လောက်ထားပြီးရင် ရေနွေးနဲ့ Baby shampoo သုံးပါတယ်။

နောက်တစ်နည်း

ခေါင်းမလျှော်ချင်မှာ အုန်းဆီကိုအပူပေးပြီး နွေးနွေးလေးကို ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းပေးပြီး ၁ နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၃ ကြိမ်လောက်လုပ်ပါတယ်။ အုန်းဆီမှာ အာဟာရဓါတ်၊ ဗီတာမင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေပါဝင်ပြီး ဆံကေသာပျက်ဆီးခြင်း ဆံပင်ကျွတ်ခြင်းကနေကာကွယ်ပေးပြီး ဆံပင်ကိုသန်စွမ်းစေပါတယ်။

အသားအရေအတွက်

အသားအရေအလှအပအတွက် ရေကို တစ်နေ့ ၈ ခွက်အနည်းဆုံးသောက်ပါတယ်။ အသားအရေအတွက်ရေဓါတ်ဖြည့်တင်းပေးပြီး အလိုလို အသားအရေကို စိုပြေနေစေပါတယ်တဲ့။ အိပ်ယာမဝင်ခင်မှာ မျက်နှာအမြဲတမ်းသန့်ရှင်းရေးလုပ်ပေးပြီး အသားအရေကို Moisture လိမ်းပေးပြီးအိပ်လေ့ရှိပါတယ်။