Single ကကောင်းတယ် Relationship ရှိတာကောင်းတယ်ဆိုတာ အခုထိအငြင်းပွားနေရဆဲ ကိစ္စတစ်ခုဖြစ်ပါတယ်။ ခြုံငုံပြီး လက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ တစ်ခုဆီမှာကောင်းတာ ဆိုးတာလေးတွေတော့ ရှိကြတာပါပဲ။ ဒီနေ့ပြောပြပေးမယ့်အကြောင်းရာလေးတွေကတော့ Single တစ်ယောက်အနေနဲ့ သူမတူတဲ့ အခွင့်အရေးတွေရနိုင်တယ်ဆိုတဲ့ အကြောင်းလေးပါ။ စိတ်ဝင်စားတယ်ဆိုရင်ဖတ်ကြည့်လိုက်ရအောင်။

(၁) သင်ရဲ့အချိန်တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်မယ်

Single တစ်ယောက်ဖြစ်နေတာနဲ့ အမျှ သင့်ဘဝရဲ့အချိန်တွေအားလုံးကို သင်ကိုယ်တိုင်ထိန်းချုပ် ပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ မနက်ခင်းနောက်ကျမှ အိပ်ရာထမယ် ညဉ့်နက်မှာ အိပ်ရာဝင်မယ် စသည်ဖြင့် အချိန်တိုင်းက သင့်စိတ်ကြိုက် သင့်သဘောအတိုင်းပါပဲ။ ချစ်သူရှိလာပြီဆိုရင်တော့ ကိုယ်ပိုင်အချိန်တွေထဲက တချို့ကို သေချာပေါက်ခွဲပေးရမှာပါ။

(၂) လူတိုင်းနဲ့ အရောတဝင် နေထိုင်နိုင်မယ်

သင့်မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ ရှိပါလိမ့်မယ်။ ဒါပေမယ့် သင်ဟာ ချစ်သူရှိသူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးက အကန့်အသတ်တစ်ခုတော့ ရှိသွားမှာသေချာပါတယ်။ ကျားမမရွေး လူတိုင်းနဲ့ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံနိုင်တာက Single တစ်ယောက်သာရနိုင်တဲ့အခွင့်အရေးလို့ ပြောလို့ရပါတယ်။

(၃) ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တယ်

Single ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်ကောင်းစွာထိန်းချုပ်ပိုင်ခွင့်ရှိသလို ကိုယ့်စိတ်ကြိုက်ဆုံးဖြတ်ချက်ကောင်းတွေကိုလည်း ချမှတ်နိုင်ပါတယ်။ ပြောရရင် သင်ဘဝင်မကျတဲ့ တစ်ဖက်လူရဲ့ သဘောဆန္ဒကို ကြိတ်မှိတ်လိုက်လျောပေးစရာမလိုပဲ သင်ရဲ့ ကိုယ်ပိုင်အတွေးအမြင် ကိုယ်ပိုင်သဘောဆန္ဒတွေနဲ့ ဘယ်အရာကိုမဆို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။

(၄) ကတိကဝတ်တွေ ပေးစရာမလိုတော့ဘူး

Relationship ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းမှုတွေ ကတိကဝတ်တွေဆိုတာပေးကြရစမြဲပါပဲ။ တချို့ကတိတွေက ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို အမှန်တကယ်ခိုင်မြဲစေဖို့ ကူညီပေးတဲ့ လိုအပ်တဲ့ကတိတွေရှိသလို တချို့ကတိကဝတ်တွေကလည်း တကယ်မလိုအပ်တဲ့ ကလေးဆန်တဲ့ ကတိတွေလည်းရှိပါတယ်။ Single တစ်ယောက်အတွက်တော့ ဘယ်လိုကတိမျိုးကိုမဆိုပေးစရာမလိုပဲ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

(၅) သင်လုပ်ချင်တာလုပ်ခွင့်ရှိတယ်

သူစိမ်းမိန်းကလေးတစ်ယောက်နဲ့လမ်းမှာရပ်ပြီး စကားပြောတာ ၊ သူငယ်ချင်းတွေနဲ့ ပါတီတက်တာ ၊ ကလပ်သွားတာ ၊ ခရီးထွက်တာ စသည်ဖြင့် သင့်လုပ်ချင်တဲ့အရာတိုင်း ကို နောက်ဆံတင်းစရာမလိုပဲ လုပ်နိုင်တဲ့အခွင့်အရေးက Single တစ်ယောက်မှာပါရနိုင်မှာပါ။ သင့်ကိုထိန်းချုပ်မယ့်သူ စည်းမျဉ်းစည်းကမ်းတွေ ချတ်မှတ်မယ့်သူမရှိတဲ့ ဘဝက လွတ်လပ်ပြီး ပျော်ဖို့ကောင်းနေမှာသေချာပါတယ်။

Photo : Pinterest