မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာ အိမ်အပြင်ထွက်ရတာသိပ်မကြိုက်တဲ့ Introvert လေးတွေ၊ အပြင်သွားဖို့အဆင်မပြေတဲ့သူလေးတွေအတွက် အိမ်ထဲမှာနေရင်း ဓာတ်ပုံလှလှလေးတွေရအောင် ရိုက်နိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပတ်ဝန်းကျင် အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်တိုင်းကျအချိန်ယူပြီး ရိုက်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

ကော်ဖီသောက်၊ မုန့်စားရင်းနဲ့ Snap ပုံစံလေးရိုက်နိုင်တယ်

စိတ်ကူးယှဉ်ဆန်တဲ့ပုံလှလှလေးတွေရချင်သူတွေကတော့ စာအုပ်ဖတ်နေတုန်း အဝေးကရိုက်ထားသလိုလေး Pose ပေးကြည့်ပါ။

ရေခဲသေတ္တာ ဒါမှမဟုတ် မီးဖိုချောင်လေးနောက်ခံထားပြီးရိုက်တာကလည်း အိမ်ထဲမှာရိုက်ချင်တဲ့သူတွေအတွက် ပုံလှလှလေးရစေမှာပါ။

အခန်းရှင်းနေတဲ့ပုံစံလေးရိုက်တာကလည်း သဘာဝဆန်ဆန်နဲ့ ကြည့်လို့လှပါတယ်။

အပြင်မှာမှ ကိုယ့် Outfit ပုံကိုရိုက်လို့ရတာမဟုတ်ပါဘူး။ အိမ်မှာနေရင်းနဲ့လည်း လှေကားပေါ်ထိုင်ပြီး စတိုင်ကျတဲ့ OOTD ပုံလေးတွေရိုက်နိုင်ပါတယ်။

စာလုပ်နေရင်း ဒါမှမဟုတ် အလုပ်နေရင်းပုံစံလေးနဲ့လည်း ရိုက်ကြည့်ပါ။ Work From Home လုပ်ရတဲ့သူတွေအတွက်အဆင်ပြေပြီး အမှတ်တရလည်းဖြစ်မှာပါ။

Skincare လုပ်ရင်းနဲ့လည်း Mirror Selfie ပုံစံလေးရိုက်နိုင်ပါတယ်နော်။

နေရောင်ဖြာဖြာလေးထိုးနေတဲ့ ပြတင်းပေါက်နားထိုင်ရင်း ဒါမှမဟုတ် မျက်နှာလေးမူပြီး ရိုက်တာကလည်း အိမ်မှာလို့မထင်ရတဲ့ အမိုက်စားပုံလေးတွေရစေမှာပါ။

ကိုယ့်အိမ်မှာ အိမ်မွေးကောင်လေးတွေရှိရင် သူတို့နဲ့အမှတ်တရပုံစံလေးတွဲရိုက်ကြည့်ပါ။ ချစ်စရာကောင်းတဲ့ဓာတ်ပုံလေးတွေရစေပါလိမ့်မယ်။

ဒီလို အိပ်ရာထိုင်ပြီး ရိုက်တာမျိုးကလည်း လွတ်လွတ်လပ်လပ်နဲ့ Pose အမျိုးမျိုးပေးလို့ကောင်းပါတယ်။

မျက်နှာမပါဘဲ ရိုက်ရတာကြိုက်သူတွေအတွက် အနုပညာဆန်တဲ့ ဓာတ်ပုံလှလှလေးရဖို့ အပေါ်ကစီးပြီး ရိုက်တာမျိုးလုပ်ကြည့်နိုင်ပါတယ်။

Mirror Selfie တွေက ဘယ်တော့မှမရိုးဘဲ ပုံစံမျိုးစုံရိုက်လို့ရပါတယ်။ အိမ်မှာ မှန်ကြီးကြီးရှိတဲ့သူတွေက မှန်ရှေ့မှာရပ်ပြီး ခြေထောက်တစ်ဖက်ရှေ့ထုတ်ကာ ခပ်စောင်းစောင်းလေးနဲ့ Outfit ပေါ်အောင် ရိုက်တာမျိုးလုပ်ပေးပါ။ အထာကျတဲ့ပုံလေးရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar