လူတစ်ယောက်မှာမျက်နှာသွင်ပြင်ပြီးရင် လူတိုင်းသတိထားပြီးကြည့်တာကတော့ ဖက်ရှင်ပါပဲ။ လူတစ်ယောက်ကအရမ်းပြီးချောမောလှပမနေရင်တောင် ဝတ်တတ်စားတတ်၊ ဖက်ရှင်ကျနေမယ်ဆိုရင် လူအများရဲ့အာရုံစိုက်တာကိုခံရမှာအသေချာပဲပေါ့။ ဒါကြောင့် လူတစ်ယောက်အတွက်ဖက်ရှင်ကလည်းအဓိကအရေးပါနေတဲ့အရာတစ်ခုပါပဲ။

ကဲ… ဒီတစ်ခါမှာတော့ ဦးထုပ်လေးဆောင်းပြီး ရှိုးထုတ်ချင်တဲ့ပျိုမေတို့အတွက် လိုက်ဖက်မှုရှိပြီးပိုလှသွားစေမယ့် ဆံပင်ဒီဇိုင်းများကိုဖော်ပြပေးလိုက်ပါတယ်။

 ဘေးတစ်စောင်းဆံပင်ပုံစံ

ဦးထုပ်စောင်းထားတဲ့အခါမှာ ဆံပင်ကိုဘေးတစ်စောင်းလေး စည်းထားပေးလိုက်မယ်ဆိုရင် မျက်နှာအလှကိုလည်း ပေါ်လွင်စေမှာဖြစ်သလို ဦးထုပ်စောင်းထားတဲ့အခါမှာလည်း လိုက်ဖက်မှုရှိစေပြီး ပေါ့ပါးတဲ့လူငယ်ပုံစံပေါ်လွင်စေမှာအမှန်ပါပဲ။

ကျစ်ဆံပြီးကျစ်

ကျစ်ဆံမြီးကို နှစ်ဖက်ခွဲပြီးကျစ်ထားတဲ့ ဆံပင်ပုံစံကလည်းဦးထုပ်ဆောင်းတဲ့အခါမှာလိုက်ဖက်မှုရှိစေပါတယ်။ ရာသီဥတုပူနေတဲ့အချိန်မှာဆိုရင် အပူဒဏ်ကိုလည်းသက်သာစေပြီး ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ လှပနေစေမှာပါနော်။

ဆံပင်ကိုဒီတိုင်းလေးပဲချထားလိုက်ပါ

ဆံပင်ကို သဘာဝအတိုင်းလေးပဲ ချထားလိုက်ကာ ရိုးရိုးလေးပဲပြင်ဆင်ပြီး ဦးထုပ်ဆောင်းမယ်ဆိုရင်လည်း သင့်ကိုစတိုင်ကျလှပနေစေမှာပါနော်။

ဆံပင်ကိုမြင့်မြင့်လေးစည်းလိုက်ပါ

ဆံပင်ကိုမြင့်မြင့်လေးစည်းတာကလည်း ဦးထုပ်နဲ့အလိုက်ဖက်ဆုံး ဆံပင်စတိုင်ဆိုလည်းမမှားပါဘူး။ မျက်နှာပုံစံကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရစေပြီး လှပတဲ့လည်တိုင်လေးကိုလည်း သိသာထင်ရှားပြီး ချစ်စရာကောင်းနေစေမှာပဲဖြစ်ပါတယ်။

ဒါတွေကတော့ ဦးထုပ်ဆောင်းပြီး ရှိုးထုတ်ချင်တဲ့ ပျိုမေတို့အတွက် လှပပြီးဖက်ရှင်ကျနေစေမယ့် ဒီဇိုင်းမျိုးတွေဖြစ်တာကြောင့် လိုက်ဝတ်ကြည့်ချင်တဲ့ ပျိုမေတို့မှတ်သားထားဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။