အခုနောက်ပိုင်းလူငယ်ကောင်မလေးတွေက လက်သည်းပန်းချီပုံဖော်ရတာထက် ရိုးရိုးရှင်းရှင်းနဲ့ Gel လက်သည်းလေးတွေ ဆိုးကြတာ ပိုများလာပါတယ်။ Gel လက်သည်းဒီဇိုင်းလေးတွေက လူငယ်တွေနဲ့လည်း အရမ်းလိုက်တဲ့အပြင် ဘယ်တော့မှလည်း ရိုးမသွားဘူး။ ဒါကြောင့် Gel လက်သည်းဆိုးဖို့ အိုင်ဒီယာလေးရအောင် လှပတဲ့ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရောင်နုတာလေးတွေကြိုက်ရင် ဒီလိုအရောင်လေးကိုရွေးပြီး Gel ဆိုးပါ။ လက်ညှိုး (သို့) လက်သည်းကြွယ်ကိုတော့ Glitter လေးဆိုးပေါ့။ ဒီအရောင်လေးဆိုရင် လူကြီး၊ လူငယ် အသားအရောင်မရွေး လိုက်ဖက်ပါတယ်။

အရောင်ဆန်းတာလေးဆိုးချင်ရင်တော့ ဒီလိုအပြာရောင်လေးကို ရွေးချယ်ပါ။ ဒီအရောင်လေးက ရှားလည်းရှားတယ်။ လူငယ်လေးတွေနဲ့ဆို ပိုလိုက်တယ်။ လက်တစ်ချောင်းကိုတော့ Glitter လေးဆိုးနော်။

လူကြီးလူငယ်ဆိုးလို့အဆင်ပြေပြီး အရမ်းလှတဲ့အရောင်လေးပါ။ ဘယ်အချိန်ကြည့်ကြည့်လည်း ရိုးမသွားဘူးနော်။

တချို့ကျ လက်သည်းနီဆို အနီရောင်တို့၊ ကြက်သွေးရောင်တို့ပဲ ကြိုက်ကြတယ်။ ဒီလိုဆိုလည်း Gel ကို အနီရောင်လေးဆိုးပြီး တစ်ချောင်းထဲကို Glitter လေးဆိုးပေါ့။

တချို့လူငယ်ကောင်မလေးတွေကျတော့ လက်သည်းနီကို တစ်ရောင်ထဲမဆိုးချင်ကြဘူး။ တစ်ရောင်ထဲမဆိုးချင်ရင် ဒီလို အရောင်လေးစပ်ဆိုးကြည့်ပါ။

အရောင်နုတာလေးလည်းကြိုက်တယ်၊ ဘယ်တော့မှရိုးမသွားမယ့် အရောင်လေးလည်း ဆိုးချင်တယ်ဆိုရင်တော့ ခရမ်းရောင်အနု (သို့) ဗေဒါရောင်ကို ရွေးဆိုးပါ။ ဒီအရောင်လေးက Gel ဆိုးရင် တကယ်လှတယ်နော်။ တစ်ချောင်းထဲကို Glitter ဆိုးရင် ပိုပေါ်တယ်။

အရောင်စပ်ဆိုးချင်တယ်ဆိုရင် အဖြူရောင်ကိုဆိုးပါ။ တကယ်လို့ အဖြူရောင်မဆိုးချင်ဘူး တခြားအရောင်ဆိုးချင်တယ်ဆိုရင်တော့ အမျိုးမျိုးမဆိုးပါနဲ့။ ကြောင်တောင်တောင်ကြီး ဖြစ်သွားပါလိမ့်မာ်။ ဒါကြောင့် အရောင်တူပြီး အနုအရင့်ကွဲတာမျိုးပဲဆိုးပါ။

Gel ဆိုးရင် Glitter ထည့်ဆိုးတာမကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ Glitter မကြိုက်ရင် ဒီလို Marble လေးဆိုးကြည့်ပါ။

လက်သည်းနီအနက်ရောင်ကိုလည်း Gel ဆိုးရင် အရမ်းလှပါတယ်။ Gel ဆိုတော့ အနက်က ပြောင်ပြောင်လေးဖြစ်နေတာပေါ့။ Glitter ကိုတော့ အရောင်လေးနဲ့ထည့်ဆိုးပေါ့။

လက်သည်းနီဆိုးပြီဆိုရင် လက်သည်းနီအရောင်တွေကို စပ်ပြီးပဲဆိုးချင်တယ်ဆိုရင်တော့ ဒီလိုလေးဆိုးလို့ရပါတယ်။ အရောင်နုတာလေးတွေကို စပ်ဆိုးတာက ပိုပြီးတော့ လှပါတယ်။

Photo Source: www.pinterest.com