အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်လှလှလေးလုပ်ရတာကြိုက်တဲ့ ကောင်မလေးတွေနဲ့ ဆံပင်ရှည်ထားတဲ့ မိန်းကလေးတွေအကြိုက်တွေ့စေမယ့် ကျစ်ဆံမြီး ကျစ်ထားတဲ့ပုံစံလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

လူတိုင်းအတွက် ဆံပင်ပုံစံကအရေးပါလှပါတယ်။ ဆံပင်ပုံစံလေးတွေကလည်း ဖက်ရှင်တစ်မျိုးပါပဲ။ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံလေးတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

လုပ်တဲ့ပုံလေးတွေတော့မပါဘူး။ ဒါပေမယ့် အရမ်းကို သဘောကျမိတဲ့ ပုံလေးတွေမို့ စုစည်းဖော်ပြပေးထားတာပါ။

ဒီတစ်ခေါက် တစ်ခုထူးခြားတာက ရိုးရိုးကျစ်ဆံမြီးပုံစံလေးတွေသာမဟုတ်ဘဲ ဖဲပြားလေးတွေ၊ ဖဲကြိုး၊ ခေါင်းစည်းကြိုး စတာလေးတွေထည့်ပြီးတော့ ကျစ်ဆံမြီးကျစ်ထားတဲ့ ပုံစံလေးတွေဖြစ်လို့ စာဖတ်သူတို့လည်းကြိုက်ကြမယ်လို့ ထင်ပါတယ်။

Image Source: Pinterest