မိန်းကလေး တစ်ယောက်အနေနဲ့ ဘယ်လိုအချိန်မှာ ဖြစ်ဖြစ် လှခွင့်ရှိသလို အမြဲလှအောင် နေနိုင်ပါတယ်။ သင်က ဒီအကြောင်းအရာကို စိတ်ဝင်တစား လာဖတ်တယ်ဆိုကတည်းက လက်ရှိအချိန်မှာ သားသားမီးမီးလေး မွေးလာဖို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသူ ဒါမှမဟုတ် တစ်ချိန်ချိန် ပူတူးတူးလေးတွေ မွေးဖို့ ရည်ရွယ်ထားသူ ဖြစ်မှာပါ။

ကလေး ရှိလည်း လှနေဆဲ ဖြစ်တဲ့ ကလေးမေမေတွေကို သင်မြင်ဖူးမှာပါ။ အခုခေတ်က အရင်လို မဟုတ်တော့တာကြောင့် ကလေးမေမေတွေအနေနဲ့ ဘဝတစ်ခုလုံးကို ဒီအိမ်ထောင်ရေးမှာပဲ နစ်မြုပ်ထားတာမျိုးမဟုတ်ဘဲ လှလှပပနေဖို့ စိတ်ကူးတွေ ဝင်လာကြပါပြီ။ ကိုယ်ဝန်လွယ်ထားတဲ့ မေမေတို့အနေနဲ့လည်း လှလှပပ ဖက်ရှင်ကျကျ ဝတ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မေမေတို့အတွက် ကိုယ်ဝန်လွယ်စဉ် ဝတ်နိုင်မယ့် ပေါ့ပေါ့ပါးပါး နဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်တွေကို ဖော်ပြပါရစေ။

အင်္ကျီလက်အပေါက် လက်ကျနဲ့ ပေါ့ပေါ့ပါးပါး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်

ဗိုက်ပေါ်က ဖဲပြားလေးက သင့်ကို ပိုချစ်ဖို့ကောင်းသွားစေမှာပါ။

အလွှာလေးတွေနဲ့ ဂါဝန်ပုံစံ

ရှပ်အင်္ကျီလက်ခေါက် နဲ့အတူ စကပ်နဲ့ စမတ်ကျကျ

အစိမ်းရောင်နှစ်သက်သူတို့အတွက်

ဂါဝန်လေးကိုမှ အပြင်ထပ် အနက်လေးနဲ့


ကြယ်သီးအတန်းလိုက် ဂါဝန်ပုံစံလေး

ဆွဲဆောင်မှုရှိရှိ လှချင်သူ မေမေတို့ ချုပ်နိုင်ဖို့

အင်္ကျီလက်ရှည် အပွ ဂါဝန်လေး

ဒီဖက်ရှင်တွေထဲမှာ သင်ဝတ်ဖူးချင်တဲ့ ပုံစံက ဘယ်လိုမျိုးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar