အားလုံးကို MyStyle Myanmar Pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ ဘဝမှာ မောင်နှမမရှိပဲတစ်ဦးတည်းသော သားသမီးဖြစ်ရတာထက် မောင်နှမတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေရတဲ့ဘဝက တကယ့်ကိုပျော်ဖို့ကောင်းပါတယ်။ အဲဒီထက်ပိုကောင်းတာက အစ်မတစ်ယောက်ပိုင်ဆိုင်ထားခြင်းပါပဲနော်။


အစ်မတစ်ယောက် ပိုင်ဆိုင်ထားတဲ့အခါ တကယ့်ကိုလေးနက်တဲ့ခံစားမှုမျိုးကို ခံစားရစေပြီး အစ်မတစ်ယောက်ပိုင်ဆိုင်ထားတဲ့သူတိုင်းက ဒီအရာတွေကို မလွဲမသေ ပိုင်ဆိုင်ခွင့်ရကြမှာ အသေအချာပါပဲနော်။

အမြဲတမ်းအကောင်းအဆိုးကို သင်ပြပေးတတ်တဲ့သူ

အစ်မတွေဟာဆိုရင် ဘာတွေက မှားယွင်းနေတယ်၊ ဘာတွေက မှန်ကန်နေတယ်ဆိုတာကို သေချာနားလည်အောင် ပြောပြအကြံပေးရုံသာမက သူတို့ဘဝနဲ့ ရင်းပြီးရခဲ့တဲ့ သင်ခန်းစာတွေကို အမြဲမျှဝေပေးတတ်တဲ့သူတွေဖြစ်တယ်။ အမှားတွေကို အမှန်ဖြစ်လာအောင် ပြုလုပ်ပေးတတ်ပြီး မသိတာတွေကို သေချာသင်ပြပေးတတ်ကြသူတွေလည်းဖြစ်ပြန်တယ်။ တစ်ခါတစ်လေမှာ ညီမတွေမောင်တွေရဲ့ အနာဂါတ်လှပဖို့ ကြိုးစားအားထုတ်ပေးတတ်ကြပါတယ်။

ရင်ဘတ်ချင်းအနီးဆုံးသောသူ

တစ်ခါတစ်လေ လူကြီးတွေနဲ့ ကတောက်ကဆဖြစ်တာတွေ၊ စိတ်ဆိုးတာတွေ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်နားလည်မှု အပေးနိုင်ဆုံးလူက ကိုယ့်အစ်မပါပဲ။ လူကြီးတွေက တစ်ခါတစ်လေ ကိုယ့်စိတ်ကို နားလည်မပေးနိုင်ပေမယ့် ကိုယ့်ရဲ့အစ်မကတော့ ကိုယ့်ဘက်က ရပ်တည်ပေးတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာကို အသိဆုံးဖြစ်ပြီး နားလည်နှစ်သိမ့်ပေးတတ်တဲ့သူတွေဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေတဲ့အချိန်မှာ ယုံကြည်မှုတွေ ပြန်ရလာအောင် လုပ်ဆောင်ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ်မလုပ်ရဲတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုမရှိတဲ့ ကိစ္စတွေကို လုပ်ရဲလာအောင် အားပေးတတ်သူတွေ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာကို ဘေးချိတ်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းတတ်သူ တစ်ယောက်ဖြစ်အောင် ပြုပြင်ပေးတတ်သူပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်အမြဲပျော်ရွှင်စေချင်တဲ့သူ

စိတ်ညစ်စရာတွေကို အမြဲအတူတူခံစားပေးပြီး ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းနိုင်လဲဆိုတဲ့အဖြေကို အမြဲပြောပြပေးနိုင်တဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ကိုယ့်ရဲ့ လျို့ဝှက်ချက်တွေကို ထိန်းထားပေးတတ်တဲ့ စိတ်အချရဆုံး သူတွေလည်းဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့အတူ ပေါတောတောတွေ လျှောက်လုပ်ရင်း ပျော်စရာလေးတွေ ဖန်တီးပေးတတ်သူတွေပါ။ တစ်ခါတစ်လေ ရန်ဖြစ်စကားများတာတွေရှိပေမယ့် အဲဒါတွေကပြောလောက်စရာမရှိတဲ့ အသေးအဖွဲ့လေးဖြစ်ပြီး ခဏလေးနဲ့ ပြန်အဆင်ပြေသွားတတ်တာပါပဲ။

ချစ်ပြီးလေးစားမိစေတဲ့သူ

ကိုယ့်က သူ့ဆီက ချစ်ခင်ကြင်နာခြင်းတွေ ရရှိလာတဲ့အခါ ကိုယ့်ထက်အငယ်တွေနဲ့ တစ်ခြားသူတွေအပေါ် ဘယ်လိုချစ်ခင်ကြင်နာရမယ်ဆိုတာကို သိရှိလာရပါတယ်။ နောက်ပြီး ချစ်ခင်ခြင်းနဲ့အတူ လေးစားတတ်ခြင်းကိုပါ တစ်ပါတည်း သင်ကြားပေးတတ်သူလည်းဖြစ်တယ်။ ဘယ်လောက်ပဲ ချစ်ခင်ပါစေ လေးစားမှုမရှိရင် အလကားပဲဆိုတာကို သိစေပြီး သူ့ဆီကနေ လူတိုင်းအပေါ် လေးစားချစ်ခင်တတ်တဲ့စိတ်ကို သင်ယူခွင့်ရစေပါတယ်။

ကဲ..စာဖတ်သူတွေမှာလည်း အဲလိုအရမ်းချစ်ပြီးတန်ဖိုးထားရတဲ့အမတစ်ယောက်ရှိရင် Mentionခေါ်ပြီး သူ့ကိုကျေးဇူးတင်စကားပြောပြီး ချစ်တဲ့အကြောင်းလေးပါပြောလိုက်ပါနော်..

Credit:Lifestyle