မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. ပူပြင်းတဲ့နွေရာသီကို အံတုဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ Vacation သွားတဲ့အခါ ရေကူးလေ့ရှိလားရှင်? ရေကူးတဲ့အခါ ရေကူးကန်ထဲက ကလိုရင်းက ဆံပင်နဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အရေပြားခြောက်သွေ့ပြီး ယားယံတာ၊ ရောင်ရမ်းတာတောင် ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် ရေသွားကူးတော့မယ်ဆိုရင် ဆံပင်နဲ့ အသားအရေကို မထိခိုက်စေဖို့ ဒီအချက်တွေကို လုပ်ပေးပါ။

ရေချိုးပါ

ရေကူးကန်ထဲမှာ ရေကူးတော့မယ်ဆိုရင် ရေထဲမဆင်းခင် ရေချိုးဖို့က  အရေးကြီးပါတယ်။ ရေချိုးတဲ့အခါ ဆံပင်နဲ့တစ်ကိုယ်လုံး စိုဖို့အရေးကြီးပါတယ်။ ဒါမှ ရေဓာတ်ကောင်းကောင်းရပြီး ကလိုရင်းပါတဲ့ရေကို စုပ်ယူမှုနည်းမှာပါ။

Sunscreen  လိမ်းပါ

ရေကူးကန်ထဲမဆင်းခင် အနည်းဆုံး 15 မိနစ်လောက် Sunscreen  ကြိုလိမ်းပေးပါ။ Sunscreen လိမ်းဖို့က အသားအရေကို နေလောင်တာကနေကာကွယ်နိုင်ဖို့ ရေကူးတဲ့လူတိုင်း မဖြစ်မနေလုပ်ပေးရမယ့် အခြေံခံအချက်ပါ။

ရေဓာတ်ရှိအောင်နေပါ

ရေကူးကန်ထဲမှာရှိတဲ့အခါ ရေငတ်တာကို သက်သာစေဖို့ ရေသန့်ဘူးတစ်ဘူးကို ရေကူးကန်ဘေးမှာ ဆောင်ထားပြီး ၁၅-၂၀ မိနစ်တိုင်း ရေကို သောက်ပေးပါ။

ရေပူနဲ့ရေချိုးပေးပါ

ကလိုရင်းရေကို အသားအရေမှာမကျန်စေဖို့ ရေကူးကန်ထဲက ထွက်ပြီးတာနဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး ဆံပင်နဲ့ အသားအရေကို သေချာဆေးကြောပေးပါ။ ရေချိုးခန်းထဲက မထွက်ခင် နောက်ဆုံးတစ်ခေါက်မှာ ရေအေးနဲ့ချိုးပေးပါ။ ဒါမှ ချွေးပေါက်တွေကို ကျဥ်းစေမှာမလို့ပါ။

Moisturizer သုံးပေးပါ

ရေချိုးပြီးတာနဲ့ အစိုဓာတ်အားလုံးကို ထိန်းသိမ်းနိုင်ဖို့အတွက် Moisturizer သို့မဟုတ် Lotion တို့ကို မဖြစ်မနေ လိမ်းပေးပါ။