ကျွန်မတို့ရဲ့ ဘဝမှာ လက်ဆောင်ပေးမယ်ဆိုရင် ဘာပေးလို့ ပေးရမှန်း မသိတဲ့ လူတစ်ယောက် ရှိတတ်ပါတယ်။ ဒီလူမှာ လိုအပ်တဲ့ ပစ္စည်း အစုံရှိတာ ဖြစ်နိုင်သလို သူက ထွေထွေထူးထူး ဘာမှမကြိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလူက သင်ချစ်တဲ့သူ တစ်ဦးဖြစ်မယ်ဆိုရင် ဘယ်လို အကြောင်း ကြောင့်ပဲ ဖြစ်ပါစေ လက်ဆောင် တစ်မျိုးမျိုးတော့ သင်က ပေးချင်မှာပါ။ ဒီတစ်ခေါက်မှာတော့ သင်ချစ်ရတဲ့သူ ပျော်သွားစေဖို့ သင့်ဘက်က ပေးနိုင်မယ့် လက်ဆောင် အိုင်ဒီယာ ကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပန်းချီကား

သင် သဘောကျသူရဲ့ အိမ်မှာ အလှသဘော ကပ်ထားလို့ရမယ့် ပစ္စည်းကောင်းတွေကို လိုအပ်မှာပါ။ ဘယ်သူမဆို လှတဲ့ ပန်းချီကားဘောင်တွေ၊ ပုံရိပ်တွေကို နှစ်သက်ကြပါတယ်။ သင်လက်ဆောင်ပေးလိုက်ရင် သူ့ရဲ့ အခန်း ဒါမှမဟုတ် အိမ်နံရံမှာ ကပ်ထားမှာ မလွဲမသွေပါပဲ။

၂။ တီရှပ်အင်္ကျီ

လူအများစု လိုလိုမှာ မလွှင့်ပစ်ရက်တဲ့ တီရှပ်အဟောင်းတွေ ရှိတတ်ပါတယ်။ တီရှပ်တွေက ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်တာကို ဘယ်သူမှ ငြင်းမရပါဘူး။ သင်က ဒါကို နားလည်ပြီး သူ့ကို တီရှပ်အင်္ကျီ လက်ဆောင်ပေးနိုင်ပါတယ်။

၃။ ပိုးသား ခေါင်းအုံးစွပ်

သင်ပေးမယ့်သူက ကောင်မလေး ဖြစ်နေရင် ပိုးသား ခေါင်းအုံးစွပ်ကို ပိုတောင် လိုအပ်ပါသေးတယ်။ ပိုးသား ခေါင်းအုံးစွပ်က သာမန် ခေါင်းအုံးစွပ်ထက် ထူးခြားတာကိုတော့ သင်သိပြီးသား ဖြစ်မှာပါ။

၄။ Sweatshirt

T Shirt အင်္ကျီလိုပဲ နောက်ထပ်လိုတဲ့ မရိုးရမယ့် အဝတ်အစား တစ်မျိုးကတော့ Sweatshirt ပါ။ သင်နှစ်သက်ရတဲ့ သူနဲ့ လိုက်ဖက်နိုင်မယ့် Sweatshirt အရောင်တွေကို ရွေးချယ် ပေးနိုင်ပါတယ်။

၅။ အနံ့မွှေးတဲ့ Body Cleanser တစ်မျိုး

တစ်ကိုယ်ရေ သန့်ရှင်းမှုက အရေးကြီးကြောင်း လူတိုင်း နားလည်ပါတယ်။ သင်က သင်ချစ်ရသူကို ဂရုစိုက်ကြောင်း သူရေချိုးတိုင်း သိနိုင်ဖို့ Body Cleanser အရည်အသွေး ကောင်းကောင်း ဝယ်ပေးနိုင်ပါတယ်။

၆။ ရေမွှေး

ရေမွှေးတွေကတော့ လက်ဆောင်ပေးတဲ့အချိန် ဘယ်တော့မှ မျက်နှာမပျက်ရစေတဲ့ လက်ဆောင်ပစ္စည်းတွေပါ။ သူကြိုက်လောက်မယ် ထင်တဲ့ ရေမွှေးအနံ့ကို ရွေးချယ်ကာ သင်က ပေးနိုင်ပါတယ်။

၇။ Hand Cream

Hand Cream တွေက အနံ့မွှေးတဲ့အပြင် လက်အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် Hand Cream ကို သုံးနိုင်ပါတယ်။ သင်က Hand Cream ကိုလည်း ပေးသင့်တဲ့ လက်ဆောင်တွေထဲ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

၈။ ချိုမြိန်တဲ့ အစားအသောက်တွေ

ချစ်သူများနေ့မှာ ဆိုရင် ချော့ကလက်၊ သာမန်နေ့မှာ ဆိုရင် သူကြိုက်လောက်မယ့် ချိုမြိန်တဲ့ အစားအစာတွေကလည်း လက်ဆောင်ကောင်းတွေထဲ ပါဝင်ပါတယ်။

Source: Preview.ph

Photo Source: Pinterest

By MyStyle Myanmar