သူငယ်ချင်းတွေနဲ့ သဘာထားမတိုက်ဆိုင်တာတဲ့အခါ ရန်ဖြစ်စကားများမိတာတွေ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေက သင့်အပေါ် မကောင်းပြောတာမျိုးကြုံလာတဲ့အခါမျိုးတွေက သင့်ကို တကယ်စိတ်ထိခိုက်ပင်ပန်းစေပါတယ်။ အဲဒီအရာကို တနုံ့နုံ့တွေးနေမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါကြောင့် မကောင်းတဲ့ အတွေးအခေါ်တွေ အနှုတ်သဘောဆောင်တဲ့အတွေးတွေကို ဖြေရှင်းဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေး ၄ သွယ်ကို မျှဝေပေးချင်ပါတယ်နော်။

ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေအောင်နေပါ။

လူမှုပတ်ဝန်းကျင်မှာ သင်နဲ့ သဟဇာတဖြစ်တဲ့သူရှိသလို မဖြစ်တဲ့သူတွေလည်း ရှိတတ်စမြဲပါပဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေအောင်နေပါ။ အဲဒီလိုအဆင်ပြေအောင်နေတာဟာ သင့်ကို မကောင်းတဲ့အတွေးတွေ မတွေးမိစေဖို့ အထောက်အကူဖြစ်စေပါတယ်။

ရေနွေးကြမ်းသောက်ပါ။

မကောင်းတဲ့ အတွေးအခေါ်တွေ စိုးရိမ်သောကတွေကို ဖြေဖျောက်ဖို့အတွက် ရေနွေးကြမ်းပူပူတစ်ခွက်ကို သောက်ပေးပါ။ ၂၀၁၂ ခုနှစ်လေ့လာချက်အရ အပူတစ်ခုခုသောက်တာဟာ အထီးကျန်တဲ့စိတ် မကောင်းတဲ့စိတ်ခံစားချက်တွေကို သက်သာပျောက်ကင်းစေပါတယ်။

အားလုံးကို ထုတ်ပစ်လိုက်ပါ။

စာရွက်တစ်ရွက်ပေါ်မှာ ကိုယ်မကျေနပ်တဲ့အရာတွေကို ချရေးလိုက်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင်လုံးချေပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါ။

သင့်ရဲ့အမြင်တွေကို ပြောင်းလဲပါ။

သင်ဒီလိုတွေးရင် တစ်ဖက်သားကလည်း ဒီလိုတွေးမှာပဲလို့ သင်ပြန်ပြီးစဉ်းစားကြည့်လိုက်ပါ။ သင့်ရဲ့အမြင်တွေ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်လိုက်ပြီး တစ်ပါးသူကို စာနာပေးတာဟာ သင့်ကို အကောင်းဘက်ကနေ တွေးခေါ်တတ်လာစေဖို့ အကူအညီပေးပါတယ်နော်။