မိန်းကလေးတိုင်းက ဆံပင်ထူထဲပြီး ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ မိမိစားသုံးလိုက်တဲ့ အစားအစာများ၊ လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးနဲ့ မညီညွှတ်သော လူနေမှုဘဝပုံစံဆို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးသွားခြင်း စတဲ့ ဆိုးကျိုးများကို ခံစားနေရပါတယ်။

ဆံပင်တွေ တဖြည်းဖြည်း ကျွတ်ပြီး ပါးသွားတယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာကို တစ်ဖန်ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။

ဒါ့ကြောင့် သင့်ရဲ့ဆံကေသာကို ထူထဲပြီး ရှည်လျားလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ရှားစောင်းလက်ပတ်နှင့် ပေါင်းတင်ပါ

ရှားစောင်းလက်ပတ်ကို လှီးဖြတ်ပြီးနောက် အထဲကဂျယ်လ်များကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။ ရရှိလာတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်များကို ဦးရေပြားနှင့် ဆံကေသာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ တစ်နာရီခန့်ကြာမှ မိမိအသုံးပြုနေကြ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ကြက်ဥဖြင့် ပေါင်းတင်ပါ

လိုအပ်မယ့် ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥကို ဖောက်ထည့်ပြီးနောက် သံလွင်ဆီနှင့် ပျားရည်တို့ပါ ထပ်ပေါင်းထည့်လိုက်ပါ။

ကြက်ဥ၊ သံလွင်ဆီနှင့် ပျားရည် အရောအနှောတို့ကို သမအောင် မွှေခလောက်ပြီးနောက် ဦးရေပြားနှင့် ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ကြာမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်၊ ရေအေးတို့ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းဖြင့် တစ်ပတ်တစ်ကြိမ်ပေါင်းတင်ပေးမယ်ဆိုရင်တော့ သင့် ဆံကေသာက ရှည်လျား တောက်ပြောင်လာပါလိမ့်မယ်။

နနွင်းမှုန့်ဖြင့် ပေါင်းတင်ပါ

နနွင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ၄ ဇွန်းခန့်၊ နို့စိမ်း ၂၅၀ မီလီလီတာခန့်နှင့် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေလိုက်ပါ ထို့နောက် ဦးရေပြားနှင့် ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။

မိနစ် ၃၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေး၊ ခေါင်းလျှော်ရည်တို့ အသုံးပြုပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပေါင်းတင်ပေးရပါမယ်။

Source: Stylecraze.com