အဆင်ပြေပြေနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာ တစ်ယောက်ထဲပဲ့ လိုက်လုပ်နေရုံနဲ့ အဆင်မပြေနိုင်ပါဘူးနော်။ နှစ်ယောက်စလုံး ကနေပြီး ဂရုတစိုက်လိုက်လုပ်ပေးဖို့ လိုပါတယ်။ ခဏခဏရန်ဖြစ်နေရတယ်၊ အဆင်မပြေဖြစ်နေရတယ်ဆိုရင် ဘာတွေလုပ်နေမိလဲဆိုတာကို သေချာပြန်စဉ်းစားပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အဆင်ပြေပျော်ရွှင်တဲ့ RS တစ်ခုရဖို့အတွက် နှစ်ယောက်စလုံး ဆင်ခြင်ရမယ့်အရာတချို့ကို ဝေမျှပေးလိုက်ပါတယ်နော်..

အချင်းချင်းနားလည်မှုပေးပါ။

တော်ရုံတန်ရုံဆိုရင် နားလည်ပေးလိုက်ပါ။ ဘာမဟုတ်တဲ့သေးသေးလေးတွေကအစ လိုက်ပြော၊ လိုက်ပြဿနာရှာပြီး ရစ်နေရင်တော့ ခဏခဏရန်ဖြစ် စကားများမှာပါပဲ။ ဒါကြောင့် ဒီတစ်ချက်ကိုလုပ်နေမိရင်တော့ ပြောင်းလဲဆင်ခြင်သင့်ပါတယ်။

ပြဿနာရဲ့အကြောင်းအရင်းကိုပဲ့ ဖြေရှင်းပါ။

ရန်ဖြစ်စကားများကြပြီဆိုရင် အခုဖြစ်နေတဲ့ ပြဿနာကိုပဲ အဓိကထားပြောပါ။ အခုကိစ္စကိုပဲ ပြောပြီး ပြေလည်အောင်ရှင်းကြပါ။ ပြဿနာတစ်ခုဖြစ်တိုင်း၊ ရန်ဖြစ်တိုင်းမှာ အရင်ကကိစ္စတွေ၊ အရင်ကလုပ်ထားတဲ့အပြစ်တွေကိုပါ သိမ်းကျုံးပြီး ပြန်ပြောတာမျိုး လုံးဝမလုပ်ပါနဲ့။ အဲ့လိုတွေလုပ်တာက ပြဿနာကို ပိုကြီးသွားစေပါတယ်။

အသေးအမွှားလေးကအစ အသိပေးတိုင်ပင်ကြပါ။

တစ်ခုခုလုပ်တော့မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် အသိပေးပြီး၊ အမှန်အတိုင်းပြောပြီးပဲ လုပ်ပါ။ သူများပြောမှ သိရတာမျိုး၊ ပြီးမှ သိရတာမျိုး ဆိုရင် တစ်ဖက်လူအတွက် စိတ်တိုစရာဖြစ်စေသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒီလိုလုပ်မိလို့ ရန်ဖြစ် စကားများရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ကတိတည်ပါ။

တစ်ယောက်မကြိုက်တာကို မလုပ်ပဲနေရင်၊ ကတိပေးထားတဲ့အရာကို မဖျက်ပဲ ကတိတည်ပေးရင် တော်တော်အဆင်ပြေပြီး ပျော်စရာကောင်း ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလည်း ပိုတိုးလာပြီး အဆင်ပြေတဲ့ RS တစ်ခု ဖြစ်လာပါလိမ့်မယ်။