ရည်းစားထားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မာနတွေပြိုင်ပြီး တင်းမာနေမယ်ဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်ဖို့ အဆင်ပြေမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အမြဲတမ်း တိုင်တိုင်ပင်ပင်နဲ့ ပွင့်လင်းမှုရှိနေဖို့၊ နားလည်မှုရှိနေဖို့က ချစ်သူရည်းစားတွေကြားမှာ အရမ်းကိုလိုအပ်ပါတယ်။ ဒါကြောင့် ချစ်သူရည်းစားထားတဲ့အခါမှာ အမြဲတမ်းအဆင်ပြေပျော်ရွှင်ကြည်နူးရစေချင်ရင်တော့ အဓိကလိုက်နာရမယ့် အချက် သုံးချက်ရှိပါတယ်။

ကဲ…ဘယ်လိုအချက်မျိုးဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

တစ်ယောက်နဲ့ တစ်ယောက် မာန်မာနတွေ မထားပါနဲ့

ရန်ဖြစ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်တင်းမာနေပြီး မခေါ်မပြောပဲနေတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ဘက်ကမှားနေတဲ့အခါ တစ်ဖက်လူကိုတောင်းပန်လိုက်ပါ။ တစ်ဖက်လူအနေနဲ့ကလည်း ခွင့်လွှတ်သင့်တဲ့အရာမျိုးဆို တင်းမာမနေပဲ တောင်းပန်တဲ့အခါမှာ ခွင့်လွှတ်ပေးလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် မာန်မာနတွေ လုံးဝမထားပါနဲ့။

အချိန်ယူပြီး ဖြေရှင်းပါ

ပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာ မိန်းကလေးတော်တော်များများက ချက်ချင်းတောင်းပန်ပြီးရှင်းပြရင်၊ လိုက်ချော့ရင်လည်း ပိုဆိုးတတ်ကြတယ်။ ချက်ချင်းမတောင်းပန်ပဲ ပြန်မချော့ရင်လည်း စိတ်ပိုကောက်တတ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတစ်ခုဖြစ်လာရင် ဖြစ်ဖြစ်ချင်းမှာပဲ ရှင်းပြပြီးချော့လိုက်ပါ။ အခြေအနေသိပ်မကောင်းပဲ ပိုပြီးဆိုးသွားရင်တော့ ခဏလောက် တစ်ယောက်ထဲ ပေးနေလိုက်ပါ။ တစ်ရက်လောက်ကြာတော့မှ ပြန်ချော့ပြီးတောင်းပန်လိုက်ပါ။ ပြီးမှသာ ရှင်းပြလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပါ

နားလည်ပေးသင့်တဲ့အရာမျိုးဆို နားလည်ပေးလိုက်ပါ။ လိုက်လျောပေးသင့်တဲ့အရာဆို လိုက်ရောပေးလိုက်ပါ။ ကိုယ့်အနေနဲ့ အရေးမကြီးတာ၊ အရေးမပါတာတွေဆိုရင် သည်းခံပေးလိုက်ပါ။ လျော့ပေးသင့်တာလေးတွေဆို လျော့ပေးလိုက်ပါ။ ဒီလိုတွေအလျော့ပေးပြီးတာတောင် တစ်ဖက်လူက မဆင်ခြင်ပဲထပ်လုပ်လာတဲ့အခါကျမှသာ သည်းမခံနိုင်တော့ရင် ဥပေက္ခာပြုလိုက်ပါ။ ဒီလိုအချိန်ကျတော့ ကိုယ့်ဘက်က တင်းနေမှ တစ်ဖက်လူက ကိုယ့်အမှားကိုယ်သိပြီး ပြင်လာမှာပါ။