ဝက်ခြံသမားတွေအတွက် အိမ်တွင်းဖြစ်သဘာဝနည်းလမ်းကုထုံးတွေကတော့ မှိုလိုပေါများလှပါတယ်။ အဲ့ဒီအများကြီးထဲကမှ လူတိုင်း အလွယ်တကူလိုက်လုပ်လို့ ရစေမယ့် အာလူးနဲ့ကုသနိုင်မယ့်နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ဝက်ခြံအပြင် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေကိုပါ သက်သာပျောက်ကင်းစေမယ့်အပြင် သင့်မျက်နှာအသားအရေလေးကိုပါ ကြည်လင်စိုဝင်းနေစေမယ့် နည်းလမ်းလေးဖြစ်လို့ ဝက်ခြံရှိတဲ့သူလေးတွေ Tryကြည့်သင့်ပါတယ်။

အာလူးကို အဝိုင်းချပ်လေးတွေဖြစ်အောင်လှီးပြီး မျက်နှာမှာ ၁၀ မိနစ်လောက် ညှင်သာစွာပွတ်ပေးခြင်းက မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။ ပြီးရင်တော့ ရေနဲ့သေချာမျက်နှာသစ်ပါ။ အာလူးအခွံနဲ့ မျက်နှာကို ပွတ်ပေးခြင်းကလည်း မျက်နှာမှာရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အာလူးကိုပါးပါးသေးသေးလေးတွေဖြစ်အောင် ခြစ်ချပြီး အရည်ရအောင်ညှစ်ပါ။ ရလာတဲ့အာလူးအရည်တွေကို မျက်မှာမှာသုတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ ဒီနည်းလမ်းက မျက်နှာပေါ်က ဝက်ခြံတွေကိုသက်သာစေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း မှေးမှိန်သွားစေပါတယ်။

ခရမ်းချဉ်သီး တစ်လုံးကို အရည်ရအောင်ကြိတ်ပြီး အာလူး တစ်လုံးကိုလည်း အရည်ရအောင်ညှစ်ပါ။ ပြီးရင်တော့ ရလာတဲ့နှစ်ခုလုံးကိုရောပြီး ပန်းကန်ထဲထည့်ပါ။ ပျားရည်လည်း စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး မွှေပါ။ ပြီးတာနဲ့ မျက်နှာမှာသုတ်လိမ်းပြီး ပေါင်းတင်ပေးပါ။ ၁၅ မိနစ်ကြာရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းက ဝက်ခြံတွေကို သက်သာစေပါတယ်။

Sensitive Skin တွေဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ လိုက်လုပ်ဖို့ အကြံပေးပါရစေနော်။