လူအများစုက Gym ကစားပြီးတာနဲ့ ကိစ္စပြီးပြီလို့ ထင်ကြတယ်။ ကျန်းမာပြီ၊ လုံလောက်ပြီလို့ ထင်ကြတယ်။ Gym ပြီးချိန်မှာလည်း တခြားလိုက်နာရမယ့် အလေ့အကျင့်လေးတွေ ရှိနေပါသေးတယ်။

ဒီလိုမှမဟုတ်ဘဲ Gym ကစားပြီးတာနဲ့ လုပ်ချင်တာလုပ်မယ်ဆိုရင် ကြိုးစားထားသမျှ အရာမထင်ဘဲဖြစ်နေတက်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ Gym ကစားပြီးချိန်မှာ လူအများစုလုပ်မိတတ်တဲ့ အမှားတွေအကြောင်းပြောပြပေးသွားမှာပါ။

(၁) ကာဘိုဟိုက်ဒရိတ်အစားများခြင်း

Work out လုပ်ပြီးတာနဲ့ ထိုင်ပြီး ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ အများကြီးစားမယ်ဆိုရင် ကြိုးစားထားတာတွေက အလဟားသက်ပါပဲ။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ဒါကြောင့် ဒီလိုအစားအစာတွေကို ရှောင်ပြီး ဥအမျိုးမျိုး၊ တူဖူး နဲ့ ငါးအစရှိတဲ့ ကြွက်သားတွေအတွက် အကျိုးပြုအစားအစာတွေ စားပေးသင့်ပါတယ်။

(၂) Cardio ကစားတာများခြင်း

Cardio လေ့ကျင့်ခန်းတွေက စစချင်း မိနစ် (၂၀) အတွင်းမှာ ပြီးအောင်ဆော့သင့်ပါတယ်။ ဒီထက်မပိုသင့်ပါဘူး။ ပြီးတော့ ခြေထောက် workout (အောက်ပိုင်းထိုင်) လုပ်ပြီးချိန်မှာလည်း Cardio မဆော့သင့်ပါဘူး။

(၃) အကြောပြန်လျှော့ဖို့ မေ့ခြင်း

Cardio လေ့ကျင့်ခန်းကို မိနစ် (၂၀) လုပ်ပြီးတိုင်း အကြောပြန်လျှော့ပေးရမှာဖြစ်ပေမဲ့ အမြဲလိုလိုမေ့လျော့နေတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

(၄) ဖြည့်စွက်စာတွေကိုပဲ အားကိုးတယ်

လူတော်တော်များများဟာ စွမ်းအင်နဲ့ ခန္ဓာကိုယ် လိုအပ်ချက်တွေအတွက် ဖြည့်စွက်စာတွေကိုပဲ မျိုချမိတတ်ကြပြီး တကယ်အာဟာရဖြစ်မယ့် အစားအစာတွေကိုတော့ စားသုံးဖို့ မေ့လျော့နေတတ်ကြပါတယ်။ နောက်ပြီး အော်ဂဲနစ်အစားအသောက်တွေထက် ပြန်လည်ပြုပြင်ထားတဲ့ အချိုမုန့်တွေကို ပိုမက်မောကြပါတယ်။ ဒါဟာလည်း gym ဆော့ပြီးချိန်မှာ လုပ်မိတတ်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။